တစ်နေ့လုံး၊ တစ်ညလုံးရိုက်ကူးခဲ့ရတဲ့ အမ်တီဗီသီချင်းတစ်ပုဒ်အကြောင်းဆူဇီပြောပြ


တေးသံရှင်ဆူဇီရဲ့ ‘တတိယရင်ခုန်သံ’ တေးစီးရီးဒီဗီဒီကို   ဇွန်လ၁၃ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ‘တတိယရင်ခုန်သံ’ Audio CD ထွက်ရှိခဲ့စဉ်နဲ့ တစ်နှစ် ခွဲကျော်ကြာ ပြင်ဆင်လာခဲ့တဲ့ ဆူဇီက ပရိသတ်အကြိုက်ဆုံးသီချင်း တစ်ပုဒ်လို့ပြောနိုင်တဲ့ ‘မိုးရေထဲမှာ’ သီချင်း နဲ့ပတ်သက်ပြီး အမှတ်တရတွေကို ”အဲဒီသီချင်းလေး က Audio CD ထွက်ကတည်းက ပရိသတ်တွေ ကြိုက်ကြတယ်။ အဲဒါလေးကို ဆူဇီသေသေချာချာ ရိုက်ထားတယ်။ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ပဲ။ Snare ရယ်၊ အောင်လေး ရယ် ပါဝင်သရုပ်ဆောင်ထားတယ်။ အဲဒီသီချင်းရိုက်တုန်းက တအားအမှတ် တရဖြစ်တယ်။ နေ့ခင်း ၂ နာရီရိုက်တာ နောက်နေ့မနက် ၇ နာရီမှပြီးတယ်။ တစ်နေ့လုံး၊ တစ်ည လုံး၊ တစ်မနက်လုံးရိုက်ခဲ့ ရတယ်။ အဲဒီသီချင်းရိုက်ပြီးတော့အကုန်လုံးနေ မကောင်းဖြစ်ကုန်ကြတယ်။အဲဒါလေးက မှတ်မှတ်ရရဖြစ်သလို ပရိ သတ်ကြိုက်ကြလိမ့် မယ် လို့ မျှော်လင့်ပါတယ်” လို့ ဆူဇီကဆိုပါတယ်။
ဆက်လက် ပြီးဆူဇီက သူ့ရဲ့ ‘တတိယရင်ခုန်သံ’တေး စီးရီး ဒီဗီဒီမှာ ပါဝင်မယ့်သီချင်းတွေနဲ့ ဘာတွေအပြောင်း အလဲလုပ်ထားလဲ ဆိုတာကို..
 ” Audio CD ထွက်တုန်းက သီချင်း ၁၂ ပုဒ်မှာ ၁ဝ ပုဒ်ကိုရိုက်ထားတယ်။ ပြီးတော့ Bonus Track ၃ ပုဒ်ထည့်ထားတယ်။ အဲဒါကတော့ အစ်မနဲ့ ကိုယုန်လေးနဲ့ဆိုထားတဲ့ ‘ပျော်ရွှင်ခြင်းလက်ဆောင်’၊ နိုင်းဝမ်းနဲ့ ဆိုထားတဲ့ ‘ဆရာရယ်..လေးစားပါတယ်’ ဆိုတဲ့ သီချင်းရယ်နဲ့ ဒီနှစ်ထွက်တဲ့Bo Bo Music Thingyan ထဲက အစ်မနဲ့ နန်းသူဇာဆို ထားတဲ့ သီချင်းလေးပြန်ထည့်ထားတယ်။ ထွက်လာလို့ရှိရင်ပရိသတ်ကြီး ကျေနပ်အားရလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ဆူဇီက ပြောပါတယ်။ ‘တတိယ ရင်ခုန်သံ’ တေးစီးရီးဒီဗီဒီမှာ နိုင်းနိုင်း၊ မြင့်မြတ်၊ နေမင်း၊ ဟဲလေး၊ ယုန်လေး၊ Snare၊ အလင်းရောင်၊ဆန်းတိုးနိုင်၊ အောင်လေး စတဲ့ အနုပညာရှင်သရုပ်ဆောင် များစွာ ပါဝင် သရုပ် ဆောင်ထားပါတယ်။ ပရိုမိုးရှင်းအနေနဲ့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီက နေ ၆ နာရီအထိ ရန်ကုန်မြို့ ပြည် သူ့ဥယျာဉ် စမ်းချောင်းသာစင်မြင့်နဲ့ ဇွန်လ ၁၄ ရက်နေ့ ညနေ ၄ နာရီကနေ ၇ နာရီအထိ မန္တလေးမြို့မနော်ရမ္မံကစားကွင်းမှာ အမှတ်တရလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment