
Big Bag အဖွဲ့မှ ကျားပေါက် က သူတို့ Big Bag ရဲ့ One Band Show ကို ဒီနှစ်ထဲမှာ ထပ်မံ ပြုလုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ “အကြမ်းဖျင်းတော့ အားလုံး ပြောပြီး ပြီ။ ဒီပွဲက ကိုဆန်းထွဋ် ရဲ့ အင်တာတိန်းမန့် ကုမ္ပဏီ ကနေ လုပ်မယ်။ ကျွန်တော်ကတော့ သီချင်းပိုင်း ဆိုင်ရာကိုပဲ အဓိကထားပြီး အာရုံစိုက် လုပ်မှာပေါ့။ ကျန်တဲ့ပွဲနဲ့ ပတ် သက်တဲ့ ကိစ္စတွေက ကိုဆန်းထွဋ် တို့လုပ်လိမ့်မယ် ။ ဒီပွဲ ကတော့ အရင်ပွဲတွေလိုတော့ မတူ ဘူးပေါ့။ အရင် ကတော့ ပွဲကို ကိုယ်တိုင် ပါဝင်စီစဉ် ရတာရှိ တယ်။ ဒီပွဲ ကတော့ ကျွန်တော် က သီချင်းဆိုရတဲ့ အပိုင်းက လွဲပြီး ကျန်တာကို စီစဉ်သူတွေ လုပ်ကြတယ်” လို့ ကျားပေါက်က သူ့ရဲ့ One Band Show နဲ့ပတ်သက် ပြီး ပြောပြ ပါတယ်။ ဒီ တစ်ကြိမ် ပြုလုပ်မယ့် One Band Show ကတော့ We are Big Bag ခေါင်းစဉ်အောက်က သွားမှာဖြစ်ပြီး ရှင်စောပုလမ်း က MEP မှာပြုလုပ် မှာဖြစ်တယ် လို့ လည်း သိရပါတယ်။ Show ပွဲပြုလုပ်မယ့် ရက်ကိုတော့ ဖေ့စ်ဘုတ်ကနေ ကြေညာသွားမှာဖြစ် ကြောင်း သိရပါတယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment