မသန်စွမ်းသူတွေအတွက် သီးသန့်မဲရုံတွေ ထားပေးဖို့ တောင်းဆိုမည်

 မသန်စွမ်းသူများ အခွင့်အရေးနဲ့ အလုပ်အကိုင်ရရှိရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ(၁၅)ရက်နေ့က IBC မှာ ကျင်းပနေပုံ Photo:Tun Myint/RFA

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအတွက် မဲရုံဝန်ထမ်းတွေရဲ့ အကူအညီမလိုပဲ မဲပေးလို့ရမယ့် သီးသန့်မဲရုံတွေထားပေးဖို့ တောင်းဆိုသွားမယ်လို့ မသန်စွမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့နဲ့ လာမယ့် ဇွန်လ ၁၇ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးတဲ့အခါ တင်ပြသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး မျက်မမြင်၊ ဆွံ့အနားမကြား၊ ဥာဏ်ရည်မသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း စတဲ့အဖွဲ့အစည်းတွေ ၄ ခုစီထဲက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းလူဦးရေ ၂ သန်းကျော်လောက်ရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲရုံဝန်ထမ်း၊ မိသားစုဝင်တစ်ဦးဦးရဲ့ အကူအညီနဲ့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment