
အချိန်တိုင်းနေရာတိုင်း ဇာတ်လမ်းတွဲကို အောင်မြင်စွာ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝိုင်းက နောက်ထပ်ဇာတ်လမ်းတွဲအနေနဲ့ ၁၉၁ မီးသတ်ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါ တယ်။ ပထမဦးဆုံးရိုက်ကူး တဲ့ ဇာတ်လမ်းတွဲကို ပရိသတ် ကြိုက်ပြီး အားပေးကြတာ ကြောင့် နောက်ထပ်ဇာတ်လမ်းတွဲရိုက်ကူးတဲ့အခါမှာ တာဝန်တော့ကြီးသလို ခံစား ရပေမယ့် သူ့စိတ်ထဲမှာ ဘာမှမထားဘဲအလုပ်ကို တစ် ကန့်ချင်းစီပဲထားပြီး မီးသတ်ဇာတ်လမ်းတွဲကိုလည်း အောင်မြင်အောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြောပါ တယ်။ မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်စိတ်ဝင်စားမှုရှိလာတဲ့အပေါ် ဒါရိုက်တာ ဝိုင်းက..
” ခေတ်ကြီးက ပြောင်းလဲနေတာပါ။ ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ အလုပ်လုပ်တတ်ဖို့လိုပါတယ်။ ဇာတ်လမ်းတွဲဆိုတာလည်း ကမ္ဘာတစ်ဝန်းလုံးမှာ လူတွေစိတ်ဝင်စားနေ တဲ့အရာပဲလေ။ စိတ်ဝင်စားအောင် လုပ်နိုင်ရမှာပေါ့။ မီးသတ်ဇာတ်လမ်းတွဲမှာတော့ မီးငြိမ်းသတ်တဲ့အပိုင်းမှာ ရိုက်ရတာ ခက်ခဲမှုတွေ တော်တော်ရှိပါတယ်။ ဒါကို အ ရင်ဇာတ်လမ်းတွေနဲ့မတူဘဲ တော်တော် လေးပြင်ဆင်ပြီးမှရိုက်ရပါတယ်” လို့ ပြောပါတယ်။ ဒီ ဇာတ်လမ်းတွဲကို ၂ လခန့်ရိုက်ကူးရမယ်လို့ ခန့်မှန်းပြီး ၇ လပိုင်း အ ကုန်လောက် မှာ ထုတ်လွှင့် ပြသနိုင်မည်ထင်ကြောင်း ဒါရိုက်တာဝိုင်းကပြောပါတယ်။ နောက်ထပ်ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ စိတ်ဝင်စားလျက်ရှိပြီး ဇာတ်လမ်း တွဲနဲ့ ပတ် သက်ပြီး ရည်မှန်းချက်ထားထားကြောင်းကိုလည်း ဒါရိုက်တာဝိုင်းက..
” စိတ်ဝင်စားပါတယ်။ ဇာတ်လမ်းတွဲဆိုတဲ့ ခေတ်တစ်ခုကို ရောက်အောင်သွားချင်တယ်။ ဒါကျွန်တော့်ရဲ့ နောက်ထပ်ရည်မှန်းချက်ပါ။ ဒီ့အရင်က ရုပ်ရှင်ဇာတ် ကားတွေ အောင်မြင်အောင်ရိုက်ဖို့ ရည်မှန်းချက်ထားခဲ့တယ်။ ၂ဝ၁၄၊ ၂ဝ၁၅ မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဇာတ်လမ်းတွဲတွေ ပရိသတ်ကြိုက်နှစ်သက်ရေး ဆိုတဲ့မူ ကို ပြောင်းထားပါတယ်” လို့ ပြောပါ တယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
0 comments:
Post a Comment