ISIS စစ်သွေးကြွအဖွဲ့က အာဖဂန်တာလီဘန် စစ်သွေးကြွ ၁၀ ကို ခေါင်းဖြတ်ကွပ်မျက်


ကဘူးလ် ၊ ၄-၆-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့သည် ပါကစ္စတန် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း ရှိ တာလီဘန် စစ်သွေးကြွ ၁ဝ ဦးအား ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ဇွန် ၃ ရက်တွင် ဖော်ပြထားသည်။

ISIS စစ်သွေးကြွ အဖွဲ့ဝင်များသည် တာလီဘန် များနှင့် နာဂါဟာ ပြည်နယ် အတွင်း ဇွန် ၂ ရက်အတွင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်း တိုက်ခိုက်မှု အတွင်း ISIS စစ်သွေးကြွ များက တာလီဘန် များအား ခေါင်းဖြတ် ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ် နိုင်ငံများမှ နယ်မြေသစ် ချဲ့ထွင်လာသည့် ISIS စစ်သွေးကြွ များသည် ပြီးခဲ့သည့် လများအတွင်း ကလည်း အာဖဂန် တာလီဘန် များနှင့် အပြန်အလှန် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့ က ပြောကြား ထားသည်။

ISIS စစ်သွေးကြွ များသည် အာဖဂန် နယ်နိမိတ် များကို ၄င်းတို့၏ ခိုလှုံရာအဖြစ် တည်ထောင် နိုင်ရေးအတွက် စစ်သွေးကြွ သစ်များကို စုဆောင်းလျက် ရှိပြီး ယင်းသို့ စစ်သွေးကြွ များကို စုဆောင်းစဉ် နယ်မြေခံ တာလီဘန် စစ်သွေးကြွ များနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment