
၃၆ လမ်း(လယ်)က ပေါ်ပြူလာနှင့်အတူ …
” ပေါ်ပြူလာဂျာနယ် ၁၈ နှစ်ပြည့်ပြီဆိုတော့ ကျွန်တော်ဒီအလုပ်လုပ်လာတာက ၁၆ နှစ်၊ ၁၇ နှစ် လောက်ရှိပြီလို့ ပြောလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီအလုပ် စလုပ်ပြီး ၁ နှစ်လောက်ကြာတဲ့အချိန်မှာ ပေါ်ပြူလာရုံးခန်းစစချင်းဖွင့်တဲ့ ၃၆ လမ်း၊ မြေညီထပ်လေးမှာသွားပြီးတော့ အကြာကြီးပဲ နေရဖူးတယ်။ အဲဒီတုန်းက ကျွန်ေ တာ်ြ ပဿနာတွေရှာလို့လည်း ကိုမျိုးတို့ကပဲ ပြဿနာတွေ ရှင်းပေးခဲ့ကြတယ်။ ကျွန်တော် စာနယ်ဇင်းတွေနဲ့ ရင်းရင်းနှီးနှီးနေရမယ်၊ ဘယ်လိုပြောဆိုဆက်ဆံရ မယ်ဆိုတာ ကို ပေါ်ပြူလာတိုက်ကပဲ သင်ကြားပေးခဲ့တယ်။ အရင်တုန်းက ကျွန်တော်သိပ်ပြီး အဆင်မပြေဘူး။ ပြီးတော့ နောက်တစ်ခုက ဘယ်အပိုင်းကိုတွေးမိလဲဆိုတော့ ငါ့နော က် မှာ ဒီလိုလူတွေ ရှိတာပဲ။ ဒီဂျာနယ်ရှိတာပဲဆိုတဲ့ စိတ်ကလေး ဝင်လာတော့ နေရ၊ ထိုင်ရတာလည်းပိုပြီး လုံခြုံတယ်လို့ ခံစားရတယ်။ ပေါ်ပြူလာဂျာနယ်က ကျွန်တော်နဲ့ အများကြီးပတ်သက်ပါတယ်။ ငယ်ပေါင်းကြီးဖော်လို့လည်း ပြောလို့ ရပါတယ်။ ညီအစ်ကိုတွေလို့လည်း ပြောလို့ရပါတယ်”
ကျွန်တော့်အတွက် အားကိုးရာ ပေါ်ပြူလာ …
” ပထမဦးဆုံး ပေါ်ပြူလာနဲ့ ကျွန်တော် စရင်းနှီးတာက ကျွန်တော်စကား တစ်ခုမှားသွားတာ တော်တော်လေးပြဿနာဖြစ်ခဲ့တယ်။ ဒါရိုက်တာတွေနဲ့ ပတ်သက်တဲ့ ကိစ္စ တစ် ခုပါ။ အဲဒီမှာ ပေါ်ပြူလာက ဒိုင်ခံပြီး ဖြေရှင်းပေးတယ်။ အဲဒီအချိန်တုန်းက အခုလိုမျိုး အင်တာဗျူးလုပ်တဲ့ သူတွေ၊ ဘာတွေက အများကြီးလည်း မရှိတဲ့အခါ ကျတော့ သူတို့ ကို ကျွန်တော်က ကိုယ့်ကိုလာပြီး အင်တာဗျူးလုပ်တဲ့ သူလို့ စိတ်ထဲမှာ မထင်ဘူး။ စာနယ်ဇင်း ဆရာလို့လည်း စိတ်ထဲမှာ မထင်တော့ဘူး။ ကိုယ်တစ်ခုခု ဖြစ် လာရင် သွားပြီး ပြေးပြောရမယ့် အစ်ကိုကြီးတွေလိုပဲ မိသားစု ပုံစံတွေနဲ့ နေလာခဲ့ကြတယ်။ တစ်ခါတလေ ကျွန်တော့်အဖေဆူလိုက် လို့ရှိရင်လည်း ပေါ်ပြူလာတိုက်သွားပြီး ထိုင်ရင်ထိုင်နေတာ။ အဲဒီလိုဆိုတော့ ပေါ်ပြူလာက ကျွန်တော့်အတွက် အားကိုးရာလည်း ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက အဲဒီအချိန်တုန်းကကျွန်တော်တို့ လုပ်ရတာ လည်း တအားခက်ခဲတယ်။ ကျွန်တော်တို့ အပေါ်မှာ တန်းစီနေတဲ့ မင်းသားကြီးတွေက အများကြီးရှိတယ်။အဲဒီလူတွေကို ထိုးဖောက်ပြီးတော့ ကိုယ့်ကိုပရိသတ်သိအောင် ဘယ်လိုလုပ်ကြမလဲ။ ဗီဒီယိုဇာတ်ကား တွေထွက်ရှိဖို့ ဆိုတာကလည်း တအားခက်တယ်လေ။ အဲဒီတော့ ဒီ ဂျာနယ်၊ မဂ္ဂဇင်းတွေကိုပဲ အားကိုးအား ထား ပြုကြ ရ တယ်။ အများကြီးလည်းမရှိဘူး။ရှိတဲ့ပေါ်ပြူလာဂျာနယ် က ပရိသတ်လက်ထဲကို သေချာပေါက်ရောက်တဲ့ဂျာနယ် မျိုးလည်း ဖြစ်တယ်။ ကျွန်တော့်ကို အ များကြီး အထောက် အကူ၊ အကူအညီပေးခဲ့တဲ့ ဂျာနယ်တစ်စောင်ပါ။
မင်းသားလုပ်ဖို့စနေတဲ့ လူငယ်တစ်ဦးရဲ့
ပြဿနာကို ဖြေရှင်းပေး …
ပြဿနာကို ဖြေရှင်းပေး …
ပေါ်ပြူလာနဲ့ အမှတ်တရကို ပြောရရင်တော့ ပြဿနာ ဖြစ်တော့ သူတို့ ပြန်ပြီး ဂျာနယ်မှာ ဖြေရှင်းပေးခဲ့တယ်။ ပြန်ပြီး စဉ်းစားကြည့်တဲ့အချိန် အဲဒီတုန်းက ဖြိုးငွေစိုးဆို တာက ဘာကောင်မှလည်း မဟုတ်ဘူး။ အခုမှ မင်းသားလုပ်ဖို့ စနေတဲ့ ချာတိတ် တစ်ယောက်၊ ဒီချာတိတ် တစ်ယောက်ရဲ့ ပြဿနာကို ဒီလိုမျိုး ဂျာနယ်တစ်ခု အနေနဲ့ အရေးတယူနဲ့ သေချာထည့်ပြီး ဖြေရှင်းပေးတယ်ဆိုတာ ကျွန်တော်တစ်ယောက်လောက်ပဲ ရှိမယ်ထင်တယ်။ နောက်ပိုင်းလည်း ကျွန်တော်ထင်တယ်။ တခြားဂျာနယ်တွေ မပါရင်မပါဘဲနေမယ်။ ပေါ်ပြူလာမှာတော့ ပုံမှန်လေးတော့သတင်းကြီးကြီး၊ သေးသေး ပုံမှန်လေးတော့ ပါနေကျ။ အခုအချိန်ထိပေါ့ ။
ပေါ်ပြူလာဂျာနယ်က ကျွန်တော်နဲ့အတူတူ ကြီးပြင်းလာတဲ့ အစ်ကိုကြီးဂျာနယ်လို့ ပြောလို့ရမယ်။ ကျွန်တော်လည်း ဒီအနုပညာ လောကထဲမှာ သေတဲ့အထိ နေမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော်သေတဲ့အထိလည်း ဒီဂျာနယ်က ဒီလောကထဲ မှာ ဆက်ပြီးတည်မြဲနေ ဦးမှာပဲဆို တော့ ကျွန်တော်လည်း ဆက်ပြီး အားကိုးနေရဦးမှာပဲ။ အဲဒီတော့ အရင်တုန်းကတော့ သူငယ်ချင်း၊ နောက်ပြီးတော့ အစ်ကိုကြီးလိုပေါ့။ နောက်ပြီးကြာလာတဲ့အခါကျတော့ဦးလေးကြီးလိုပေါ့။ ပေါ်ပြူလာဂျာနယ်ကကျွန်တော် တစ်သက်လုံးပတ်သက်နေရမယ့်မိသားစုဂျာနယ်တစ်ခုပါပဲ” ။
လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
0 comments:
Post a Comment