မြန်မာနိုင်ငံမှာလဲ လိင်တူချင်း ချစ်တာကို တရားဝင် ခွင့်ပြုဖို့ မျှော်လင့်မိတယ်ဆိုတဲ့ ချစ်ခွန်းချို


အမေရိကန်ရဲ့ ပြည်နယ် (၅၀)မှာ လိင်တူချစ်သူတွေကို တရားဝင်လက်ထပ်ပေါင်းသင်းနေထိုင်ခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် profile ပုံတွေ ပြောင်းနေကြတာ အားလုံးမြင်တွေ့ရမှာပါ။ တစ်ချို့ကတော့ ဒါကို တရားဝင်ခွင့်ပြုဖို့ မကောင်းဘူးလို့ ရှုံ့ချနေကြတာလည်း မြင်နေကြရတာပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီလိုအခွင့်အရေးပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့သူတွေထဲက တစ်ယောက်ကတော့ မိတ်ကပ်ပညာရှင် ချစ်ခွန်းချိုပါ။ သူကိုယ်တိုင်က ဂေးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဘ၀ကို အားငယ်နေတဲ့စိတ်မျိုးမရှိပဲ အကောင်းဆုံးကြိုးစားနေထိုင်တဲ့ ချစ်ခွန်းချိုက သူ့ရဲ့ခံစားချက်တွေကို ခုလို ဖွင့်ဟသွားပါတယ်။
"တခြားနိုင်ငံတွေမှာ အခုလို ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ဂေးတွေကို အခွင့်အရေး ပေးလာတယ်လို့မြင်မိတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ သာပေးတာလေ။ ခွန်းချိုတို့ ဆီမှာကျတော့ ဒါကို နားလည်မပေး နိုင်သေးဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုကာလာလေးတွေ သာလိုက်ပြောင်းနေတာ တချို့တွေက ဖေ့စ်ဘုတ်ပေါ်မှာတင် နားမလည်ကြဘူး။ ဘာလို့ပြောင်းကြတာလဲပေါ့။ အရူးထကြတာလားပေါ့။ ဒီအဓိပ္ပါယ်ကို မသိတာလား။ အဓိပ္ပါယ် မသိပဲနဲ့ သူများလုပ်လို့ပဲ စတန့်ထွင်ပြီး လိုက်လုပ်တာလားပေါ့။ အဲ့ဒီလိုမျိုးတွေမြင်ကြတယ်။ ဒါပေမဲ့ ဒါဟာ အရူးထတာမဟုတ်ဘူး။ သူများနိုင်ငံက ဒါကို လက်သင့်ခံလိုက်တယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ အိုဘားမား အိမ်တော်မှာတောင် ၇ ရက် မီးထွန်းပြီး ဒါကို လက်သင့်ခံတယ် ဆိုတာကို ဒီလိုထောက်ခံပေးထားတာလေ။  အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဂေးတွေကလဲ သူတို့တတ်အားသလောက် လိုက်ပြီးထောက်ခံတဲ့ သဘောပဲလေ။ ကျန်တာကတော့ ဘာရယ်ညာရယ်မဟုတ်ဘူးပေါ့။ ကိုယ်တွေ ဘ၀အတွက် သူတို့ဂေးတွေကို လူအမျိုးအစားအစုအရပ် တစ်ခုအနေနဲ့လက်ခံပေးတယ်။ လိင်တူချင်းချစ်တာကို ခွင့်ပြုတဲ့ အနေနဲ့လုပ်ကြတာပဲလေ။ အဲ့ဒီလို ခွင့်ပြုလိုက်တဲ့ အတွက် ဂေးတစ်ယောက်အနေနဲ့ ခွန်းချိုပျော်တယ်။"လို့ သူက ဆိုပါတယ်။
ဘာ့ကြောင့်ပျော်ရသလဲဆိုတာကိုလည်း သူက ဆက်ပြီး "ပျော်တယ် ဆိုတာက မြန်မာနိုင်ငံမှာက များသောအားဖြင့် ဂေးတွေဆို နေရာ မပေးချင်ကြဘူး။ နေရာရတဲ့ဂေးတွေ ဆိုရင်လဲ မိတ်ကပ်လောကမှာ အောင်မြင်ပြီး နာမည်ကြီးနေတဲ့ သူတွေလောက်ပဲ နေရာရကြတာ။ တော်ရုံတန်ရုံ လမ်းမမှာလျှောက်သွားနေတဲ့ ဂေးတွေဆို ပေတေလေလွင့်နေတယ် ဆိုပြီး အောက်တန်းကျတဲ့သူတွေ သုံးစားလို့မရဘူးဆိုပြီး သတ်မှတ်ထားကြတာ။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံတွေကတောင် အသိအမှတ်ပြုပြီး လက်ခံလာတယ် ဆိုတော့ ဒီမြန်မာနိုင်ငံမှာလဲ လက်ခံစေချင်တယ်။ အဲ့ဒီလိုဖြစ်လာဖို့ကိုလဲ မျှော်လင့်မိတယ်။ မြန်မာနိုင်ငံမှာလဲ ဂေးတွေများတဲ့အတွက် သူများနိုင်ငံတွေမှာ ခွင့်ပြုသလို မြန်မာနိုင်ငံမှာလဲ တရားဝင်ခွင့်ပြုစေချင်တယ်။ ဘာလို့လဲဆိုတော့ ဂေးတွေကိုလဲ သူတို့ဘ၀လေးနဲ့သူတို့ပျော်ရွှင်စရာကောင်းအောင် နေထိုင်နိုင်ဖို့၊ သူတို့ချစ်တဲ့သူနဲ့ပေါ်ပေါ် ထင်ထင် လက်တွဲနိုင်ဖို့ လိုတယ်လေ။ ဒါပေမဲ့ ဒီမှာက လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့ သူတွေလဲရှိတယ်။ မနေ့ကတောင်မှ လက်မခံတဲ့ သူတစ်ယောက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ စကားများသေးတယ်။ သူကရေးထားတာက ဘာလို့အဲ့ဒီ ကာလာကိုပြောင်းတာလဲပေါ့။ ယောကျာ်းအချင်းချင်း ယူတာကို အားပေးအားမြှောက် လုပ်တာလားပေါ့။ ဒီကလေးမမွေးနိုင်၊ မျိုးဥမပွားနိုင်တဲ့ဟာတွေကို ဘာလို့အားပေးအားမြှောက်လုပ်ကြလဲ သူနားမလည်ဘူးပေါ့။ ကြည့်ရတာ အရမ်း အော်ဂလီဆန်တယ်။ သူမကြည့်ချင်ဘူးပေါ့။ အဲ့လိုပြောပြီးတင်တော့ ကိုယ့်သူငယ်ချင်းတွေဝေါမှာလဲ ပေါ်တယ်။ သူငယ်ချင်းတွေကလဲ မခံကြဘူး။ ပြန်ပြောကြတယ်။ အဲ့ဒါနဲ့ခွန်းချိုလဲပြန်ပြောလိုက်တယ်လေ။ ဟုတ်ပြီ။ အဲ့ဒါဆို ဒါက လူထုတစ်ရပ်ကို အခွင့်အရေးပေးတာ ဒါလူ့အခွင့်အရေး တစ်ရပ်ပဲ၊ မိန်းမလျာဆိုလဲ မိန်းမလျာတွေရဲ့ အခွင့်အရေးတစ်ရပ်ပဲ။ မိန်းမလျာတွေ အတွက်အကောင်းလုပ်ပေးတာကို လူတွေက လိုက်ထောက်ခံပေးတယ်။ အဲ့ဒါကိုသူက အပစ်ဝင်ပြောတယ်ဆိုတော့ သူကရော ဘာလဲ။ သူကရော ဘယ်လောက် တတ်သိ နားလည်နေလို့လဲပေါ့။ အဲ့လိုတွေ ရန်တွေဖြစ်ကြတယ်။ ခွန်းချိုထင်တာကတော့ အဲ့ဒီလို ဝေဖန်တာ ဂေးတွေကို မနာလိုလို့ လိုက်ဝေဖန်တယ်လို့ပဲ ထင်ပါတယ်။ ခွန်းချိုမှာ လောလောဆယ်တော့ ချစ်သူ မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ ထားခဲ့မယ်ဆိုရင်လဲ ကိုယ့်ကို တကယ်သစ္စာရှိပြီး တကယ့်မိန်းကလေး တစ်ယောက်လို တန်ဖိုးထားပြီး ချစ်မဲ့သူမျိုး ကိုယ့်ဆီက ဘာလိုချင်လို့ညာလိုချင်လို့ဆိုတဲ့ စိတ်မရှိပဲ ဒိုးတူဘောင်ဖက်ကြိုးစားချင်တဲ့ ယောက်ျားမျိုးကိုတော့ ပိုလိုချင်တယ်။ ယောကျာ်းတွေက များသောအားဖြင့် မိန်းမလျာတွေနဲ့ပတ်သက်ရင် ခြူစားတာတို့၊ ပြီးရင်တစ်ခြားမိန်းမ အစစ်တစ်ယောက်ကို ကွယ်ရာမှာ ပြန်ထားတာတို့အဲ့လိုမျိုးတွေ များတဲ့အတွက် ခုချိန်ထိ တစ်ယောက်ထဲနေနေတာပါ"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment