
ဇင်ဝိုင်း(သရုပ်ဆောင်)
အခု မဲစာရင်းတွေလည်း အမှား မှား အယွင်းယွင်း ဖြစ်နေတယ်။ ကော်မရှင်မှာ တာဝန် အပြည့်ရှိတယ်။ မိမိ လုပ်ကိုင်ရမယ့် တာဝန်ကို တကယ် စိတ်ပါလက်ပါ စေတနာ မထားလို့ လား။ ဒါမှမဟုတ် ဒီလို အမှား အယွင်းတွေ သေချာဖြစ်အောင် လုပ်ပြီး ပယ်မဲဖြစ်အောင် လုပ်တာ လားလို့တောင် တွေးလို့ရပါတယ်။ ဒီလိုလုပ်တာ မဖြစ်သင့် မဖြစ်ထိုက် ပါဘူး။ လေးနှစ်တာ အချိန်ယူ ပြင် ဆင်တာတောင် အ မှား ပါနေတာ ဟာ သူတို့တကယ် အလုပ် မလုပ်ဘူး လား။ မေးစရာ ဖြစ်လာတယ်။ ပြီး တော့ ၄၃၆ ပြင်ဆင်ရေးပိုင်းမှာ သူတို့လုပ်ချ လိုက် တာက ဦးတစ် ယောက်တည်း အမြင်ဆိုရင် ”ငါတို့ မပြင်ပေးဘူးကွာ”ဆိုတဲ့သဘောပဲ။
ရ၅ ရာခိုင်နှုန်းထက် ကျွန် တော် တို့ပြည်သူတွေ လိုအင်ဆန္ဒ ကို ၂၅ ရာခိုင်နှုန်းသော အရာကို အတည် ယူပြီးတော့ လုပ်တာဟာ ပြည် သူတွေဆန္ဒ ကို ဖြည့်ဆည်းပေး တဲ့စနစ်တစ်ခု မရှိဘူးဆိုတာ ပေါ် လွင်နေတယ်။
အဲဒီတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းသွားနေတဲ့ နိုင်ငံလို့ မခေါ်သင့်ဘူး။ ၇၅ ရာခိုင် နှုန်းသော လူတွေရဲ့ဆန္ဒနဲ့တောင် ပြင် မရဘူး ဆိုရင် ဒီလွှတ်တော်ရှိနေ လည်း အလကားပါပဲ။
ပြီးတော့ ကျွန်တော် အပါအဝင် ရုပ်ရှင် အနုပညာသမားများသည် ၂ဝ၁၁ ခုနှစ် မှစ၍၊ ကျွန်တော်တို့ ကုပ်ပေါ်တွင် မိုးထားသော အာဏာရှင် ထမ်းပိုးကို ဖြုတ်ချ တွန်းလှန်ခဲ့ကြတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အာဏာရှင် တို့၏ လက်အောက်ခံ မဟုတ်ဘဲ ရုပ်ရှင်သည် ပြည်သူ့ အတွက် ဆိုတဲ့ ဆောင်ပုဒ် ကို လက်ကိုင်ပြု ပြီး ရပ်တည် သွားမည် ဖြစ်ကြောင်း ကို ကျွန်တော် ရှိစဉ်ကပင် အတိ အလင်း ဖွင့်ဆိုပြောပြခဲ့ပါတယ်။
အခု အများပြည်သူတို့ လိုလား တောင့်တနေတဲ့ မြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နဲ့ပတ်သက် ပြီး တော့ လွှတ်တော်တွင်း ပြည်သူတို့ သဘောထားနှင့် ဆန့်ကျင်ဆွေးနွေး ဆုံးဖြတ်မှုတွေ ကို ရုပ်ရှင်သည် ပြည်သူ့ အတွက် ဟူသော အခြေခံ သဘောတရားကို ခံယူထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မည်သို့မှ မှတ်ချက်ပေး ခြင်း၊ ကန့်ကွက်ခြင်း မရှိ တာဟာ ရုပ်ရှင်လောကသား အားလုံးအတွက် လွန်စွာမှ အရှက်ရစရာ ဖြစ်တယ် လို့ ယူဆပါတယ်။ ပြီးတော့ ရုပ်ရှင် လောက အတွက် မြေနေရာပေး ခြင်း၊ အခြား အခွင့်အရေးများ ပေးခြင်း၊ အာဏာပိုင် များနှင့် လက်ပွန်းတတီး ပွဲလမ်းသဘင် များတက်ရောက်နေ ရခြင်း ကို ကျေနပ် ဂုဏ်ယူပြီး တိုင်းပြည် နဲ့လူထု အတွက် အစစ်အမှန် လိုအပ်နေသော အရာ များကို မျက်ကွယ်ပြုမည် ဆိုပါက နောင် တစ် ချိန် သမိုင်းမှာ ပြည်သူကို မျက်ကွယ်ပြုသော ရုပ်ရှင်အစည်း အရုံးအဖြစ် သတ်မှတ်ခံရမှာကိုလည်း အချိန်မီ သတိပေးအပ်ပါတယ်။
သင်တို့ကြောင့် ရုပ်ရှပ်တစ် လောကလုံး မညစ်နွမ်းပါစေနှင့်။ ‘ရုပ်ရှင်သည် ပြည်သူ့အတွက်’ ပါ။ အဲဒီပြဿနာတွေ ရဲ့ နောက်ဆက် တွဲ က ရွေးကောက်ပွဲပြီးရင် အရေး ကြီးဆုံးက ငြိမ်းချမ်းရေးကိစ္စပဲ။
ကျွန်တော့် အနေနဲ့ မြန်မာ တိုင်းရင်းသား တစ်ယောက်အနေ နဲ့ပြောရရင် ငြိမ်းချမ်းရေး ကိစ္စမှာ အခြား တိုင်းရင်းသားတွေ ပိုမိုဆိုးရွား စွာ ခံစားရမယ်။ အမြင်တွေလည်း တိမ်းစောင်း သွားနိုင်တယ်။ တပ် မတော်နဲ့ပြည်သူ ပြန်လည် ကြားစေ့ ရေး ဆိုတဲ့ ကိစ္စမှာ လည်း ဝေးသ ထက် ဝေးမှာ အလွန်စိုးရိမ်ပါတယ်။
စိုင်းအောင်တင့်(လူကြမ်းမင်းသား)
ကျွန်တော်က မရမ်းကုန်းမြို့နယ် ကပါ။ လွန်ခဲ့တဲ့ လေးရက်လောက် ကပဲ သွားကြည့်တာ တစ်အိမ်လုံး ရှိတဲ့ လူတွေ အားလုံးရဲ့ အချက် အလက်တွေ မှန်တယ်။ တစ်ခုမှ မမှားပါဘူး။ ဒါပေမဲ့ စာရင်းလာ ကောက်တုန်းက ကျွန်တော့် အမျိုး သမီး ရှိနေသေးတယ်။ အခုသူက ဆုံးသွားပြီ ဆိုတော့ သူ့နာမည်ကို ပြန်ဖြုတ်ရမှာ တစ်ခုပဲ။ သန်းခေါင်း စာရင်းကနေ ကူးယူတာပဲ ဥစ္စာ။ ကွန်ပျူတာ စာစီရိုက်မယ်။ အဲဒီမှာ တစ်ခု တွေ့တာပေါ့နော် ဦးညွန့်လွင် ဆိုရင် ညဝဆွဲ နငယ်အသပ်မှာ နငယ်မှာ အသပ် မထည့်ပဲ(ဝ)ခံ လိုက်တာ ဘာလဲတော့ မသိဘူး။ သူတို့ လုပ်တာနားမလည်ရင်တော့ မေးရမှာပဲ။
စာရင်းကတော့ မှန်ပြီ။ ဘယ် သူ့ကိုမဲထည့်မလဲ ဆိုတာကတော့ စဉ်းစားဦးမယ်။ ဦးတို့က ဘဝ သမားတွေ ဆိုတော့ ဘယ်သူပဲ တက်လာ တက်လာပါ။ ထမင်းကို နပ်မှန်အောင် စားရပြီး သားသမီး မြေး နောင်လာနောက်သားတွေ စာ ကောင်းကောင်း သင်ရရင် ကျေနပ် ပါပြီ။ အခုလောလောဆယ် ကား မရိုက်ရတာ သုံးလေးပတ်ရှိပြီ။ အဲဒီ လို အလုပ်ပြတ်တော့ မရှိတဲ့လူတွေ က စားဝတ်နေရေး ခက်ခဲတာပေါ့။
အိအိခိုင် (ဒါရိုက်တာ)
နာမည်တွေ မှားတယ် ပြော ကြတယ်။ အန်တီအိ ကျန်းမာရေး ကြောင့် အခု ခွဲစိတ်ထားတော့ ကိုယ့် အိမ်အတွက်တောင် သွားမ ကြည့် ဖြစ်သေးဘူး။ မခွဲခင်ကတော့ အမေ တို့ ရွှေတောင်ကြား အိမ်အတွက် သွားကြည့်တော့ အိမ်နံပါတ် လုံး လုံး ပျောက်နေတာ။ အိမ် အမှတ် ၅၃ ကမရှိဘဲ၊ ၅၂နဲ့ ၅၄ ပဲရှိတယ်။ ပြီးတော့တစ်မြို့နဲ့ တစ်မြို့လည်း မတူဘူး။ အခု အန်တီအိတို့နေတဲ့ နေရာမှာ အကြောင်း လည်းမကြား ဘူး။ အခု မဲစာရင်းကြည့်ဖို့က ဆယ်တန်းအောင်စာရင်းလိုဖြစ်နေ တယ်။ အချိန်တွေအများကြီးယူပြီး လုပ်ကြတယ်။ အခု အမှား အယွင်း တွေဖြစ်တာ ဒီလိုလုပ်တာ အဓိပ္ပာယ် ကို မရှိတာ။ ဒီလိုပဲ။ ဟိုးအရင်က လည်းသူတို့ တစ်သက်လုံး လုပ်ခဲ့ တယ်။ သူတို့က သူတို့မှန်တယ် ထင်တာကိုပဲလုပ်တာ။ ပြည်သူတွေ အပေါ်တရားတာ၊ မတရားတာ သူ တို့ ဘာမှမစဉ်းစားဘူး။ သူတို့စဉ်း စားခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ သူတို့မှန်တာထင်လို့ လုပ်တဲ့ သဘောလို့မြင်တယ်။
၄၃၆ ပြင်ဆင်ရေးလုပ်တုန်း ကဆို အရင်ဆုံး လက်မှတ် ထိုးခဲ့ ကြတာပဲ။ ဒါပေမဲ့အခု အဖြေက ဘာလဲ။ လူတစ်ယောက် ကို ဘယ် လိုနည်း နဲ့ အနိုင်ယူမလဲ သိက္ခာရှိရှိ နဲ့ယူမလား၊ သိက္ခာမရှိအောင် ယူ မလား၊ ဒါတွေကတဖြည်းဖြည်းနဲ့ ရုပ်လုံးတွေ ပေါ်လာနေတယ်လို့ ယူဆတယ်။
ကိုဝင်းမော် (ရွှေသံစဉ်)
လေးနှစ်နီးပါး အချိန်ယူပြင်ဆင် နေပေမယ့် ဒီလိုတွေ ထွက်လာတယ်။ မဲတွေမှားတဲ့ ကိစ္စမှာ ကျွန်တော့် အမြင်ဆိုရင် ကျွန်တော်တို့နိုင်ငံ က ဒီပညာရေးဘက်မှာ အားနည်း တယ်။ စာရင်းဇယားတွေ မှာလည်း တော်တော် အားနည်းတယ် လို့မြင် တယ်။ ဒါပေမဲ့လည်း မပြော လည်း သိနေကြတာပဲ။ ကိုယ့်မဲစာရင်းကို ကိုယ်တိုင်သွား မကြည့်ဖြစ်သေးဘူး။ ဦးတို့ထောင်ထဲက မလွတ်ခင်က တည်းက ဒီပြဿနာတွေ ရှိတာပဲ။ သေသွားတဲ့ လူက ပါတာတို့ အမျိုး စုံဖြစ်နေတာပဲ။ အရင်နှစ် လည်း ဖြစ်တာပဲ။ ၄၃၆ ပြင်ဖို့ ဆန္ဒမဲ တောင်းတုန်းကလည်း ကျွန်တော် တို့ လုပ်ခဲ့တယ်။ အခု လုပ်ချလိုက် တာကတစ်မျိုး။
Source:popularmyanmar.com
0 comments:
Post a Comment