တာဝေးပစ်ဒုံးပျံ ပစ်လွှတ်နိုင်ရန်မြောက်ကိုရီးယားက ဒုံးပစ်စင် တိုးချဲ့


 ဆိုးလ် ဇူလိုင် ၂၂

 မြောက်ကိုရီးယားနိုင်ငံ၏ အနောက်ဘက်ပင်လယ် ကမ်းရိုးတန်းဒေသအနီးရှိ အခြေစိုက်စခန်းတစ်ခုတွင် တာဝေးပစ်ဒုံးပျံများအတွက် ပစ်လွှတ်ရေးစင်သစ်တစ်ခုကို စိုက်ထူလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇူလိုင် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံ တောင်ချမ်းရီမြို့၌ ၆၇ မီတာ အမြင့်ရှိ ဒုံးပျံပစ်လွှတ်ရေးစင် တိုးချဲ့တည်ဆောက်သည့် လုပ်ငန်းမှာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ ယွန်ဟပ်သတင်းဌာနကို ကိုးကားလျက် ဆင်ဟွာသတင်း ဌာနက သတင်းထုတ်ပြန်သည်။

ဒုံးပစ်စင် တိုးချဲ့လိုက်ခြင်းဖြင့် အန်းဟွာ-၃ အမျိုး အစား ဒုံးပျံအရွယ်ထက် နှစ်ဆကြီးမားသော တာဝေးပစ် ဒုံးပျံများကို ပစ်လွှတ်နိုင်စွမ်းရှိလာမည်ဟု ခန့်မှန်းရ ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက အန်းဟွာ-၃ အမျိုးအစား ဒုံးပျံကို ပစ်ခတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယင်းသို့ ဒုံးပျံစမ်းသပ် ပစ်ခတ်ခဲ့ပြီးနောက် နှစ်လအကြာတွင် တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၁ဝ ရက်တွင် ကျရောက်မည့် ကိုရီးယား အလုပ်သမားများပါတီ ထူထောင်မှု နှစ် ၇ဝ ပြည့် နှစ်ပတ်လည်အခါသမယတွင် တာဝေးပစ်ဒုံးပျံ တစ်စင်းအား ပစ်ခတ်နိုင်ရန် ဒုံးပစ်စင်ကို တိုးချဲ့တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်သူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြုံယမ်းမြို့အနီးရှိ လက်နက်ထုတ်လုပ်ရေး စက်ရုံ တစ်ရုံ၌ တာဝေးပစ်ဒုံးပျံများကို ထုတ်လုပ်နေသည်ဟု ယူဆရကြောင်း အမည်မဖော်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment