တရုတ်သစ်ခိုးထုတ်သမားတွေကို အမြန်ဆုံးပြန်ပို့ပေးဖို့ တရုတ် အစိုးရတောင်းဆို


မြစ်ကြီးနားခရိုင်တရားရုံးမှာ ဇူလိုင် ၂၂ ရက်နေ့က တစ်သက်တစ်ကျွန်းအပြစ်ဒါဏ်ချမှတ်လိုက်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကျော် ကို မြစ်ကြီးနား အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဒီနေ့ ရေးသားဖော်ပြကြပါတယ်။

အခုလိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တာဟာ ပြင်းထန်လွန်းပြီး၊ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက် မှုကြောင့် ဒီပြစ်ဒဏ်ချမှတ်ခံရမှုကို ပြောင်းပြန်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်အစိုးရပိုင် Glogal Times သတင်းစာကလည်း ရေးသားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရ ကျိုးကြောင်းဆင်ခြင်စွာနဲ့ မျှမျှတတ ဆောင်ရွက်ပြီးနောက် အဲ့ဒီတရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံကို အမြန်ဆုံးပြန်ပို့ပေးဖို့ တောင်းဆိုကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ လူကန်းက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းးမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးက မနေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း စီ ပြစ်ဒဏ်ချလိုက်တာပါ။

အဲ့ဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁ဝ နှစ် စီချမှတ်သလို အမျိုးသမီးတစ်ဦး ကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ ၁၉ (က)နဲ့ ထောင်ဒဏ် ၁၅ နှစ် ထပ်ဆောင်းကျခံဖို့ အမိန့်ချမှတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment