သီပေါ ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်း မှုကြောင့် နှစ်ပေါင်း (၁၀၀)ကျော်ခန့် ရှိ ရှေးဟောင်း ကွန်ကရစ် တံတား တစ်စင်းကျိုးကျကာ လူတစ်ချို့ရေထဲမျောပါသွားပြီး ၄င်းတို့ထဲ မှ (၃)ဦးသေဆုံးသွား ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများ က ပြောသည်။
ဒုဌဝတီမြစ်ကို ဖြတ်ကာ ဆက်သွယ်ထားသည့် သီပေါရဲစခန်းအနီးမှ ကွန်ကရစ်တံတားသည် ယနေ့ မွန်းလွဲ (၁၂)နာရီခွဲခန့်က ကျိုးကျ ခဲ့ခြင်း ဖြစ်ပြီး ရေကြီးမှု ကို တံတားပေါ်မှ လာကြည့်နေသည့် ဒေသခံ အချို့ ရေထဲမျောပါသွားကြောင်း သိရှိရသည်။
ရေထဲမျောပါသွားသည့် အရေအတွက်မှာ မည်မျှဆိုသည်ကို မသိရှိ ရသေးကြောင်း၊ တံတားအောက်တွင် ပိနေသောလူ (၅)ဦးမှ (၃)ဦးမှာ သေဆုံး သွားကြောင်း၊ ရေထဲ မျောသွားသည့် (၂)ဦးအနက် (၁)ဦးကို ကယ်ဆယ် ရရှိခဲ့ကြောင်းနှင့် တံတားအောက် မြေကြီးထဲတွင် ပိနေသောသူများကို ကရိန်းများနှင့် ရှာဖွေကယ်ဆယ်နေကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်း များကို မီးသတ်၊ ကြက်ခြေနီနှင့် စုပေါင်းကာ မြေတူး စက်တစ်စီး၊ ကရိန်းနှစ်စီးဖြင့် ရှာဖွေရေး လုပ်ဆောင်နေပြီး သေဆုံးသူနှင့် ပျောက်ဆုံး သူ အရေအတွက် ကိုမူ အတည်မပြု နိုင်သးပါကြောင်း ကနေဦး သတင်းရရှိပါသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment