ဇနီးသည်နဲ့ တကွ ကလေးနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တဲ့ အမျိုးသား


ဇနီးဖြစ်သူနဲ့ ပြဿနာရှိတဲ့ ဂျော်ဂျီယာနိုင်ငံသား အမျိုးသားတစ်ဦးဟာ သူ့မိန်းမဖြစ်သူနဲ့ သူ့ရဲ့ကလေးနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံသွားကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ပါတယ်။ 
ရဲတပ်ဖွဲ့မှ အိမ်တွင်းအကြမ်းဖက်မှု တစ်ရပ်ကို ဖုန်းသတင်းရရှိ၍ သွားရောက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့မှ ညဘက်တွင် ထိုအိမ်သို့ရောက်ရှိသွားချိန် အသက် ၃၂နှစ်အရွယ် Matthew Fields ဟာ အိမ်တွင် မရှိချေ။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ရန်ဖြစ်ထားကြောင်း လက္ခဏာလည်း မတွေ့ခဲ့ရဘူးလို့ Forsyth စီရင်စုရဲဌာနမှ Maj. Rick Doyle ဆိုသူက ပြောပါတယ်။ အိမ်တွင်းရှိ သူများကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအလျဉ်း မပြုခဲ့တဲ့အတွက် အာဏာပိုင်များက ဘာမှ မဆောင်ရွက်နိုင်ခဲ့ချေ။ 
ရဲများပြန်သွားပြီး နောက်တစ်နေ့ နံနက်မှာ Fields ဟာ အိမ်သို့ပြန်လာပြီး ဇနီးဖြစ်သူ Rebecca Manningနဲ့ အသက် ၈နှစ်နဲ့ ၉နှစ်အရွယ်များဖြစ်ကြတဲ့ Jared နဲ့ Jacob Smith တို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူကိုယ်တိုင်မှာလည်း Manning ရဲ့ ဖခင်ဖြစ်သူ Jerry Manning လက်ချက်နဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ 
Jerry Mannign ကလည်း သူတို့နဲ့ တစ်အိမ်တည်းနေတာပါ။အဲ့ဒီနောက်မှာတော့ Fields ဟာ ကိုယ့်ကိုကိုယ် မသတ်သေခင် သူ့ရဲ့ မိခင်ဖြစ်သူကို သူလုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ အကြောင်းကြားခဲ့ပြီး သူ့ကိုယ်သူ သတ်သေတော့မယ့် အကြောင်းကိုလည်း ပြောခဲ့တယ်လို့ မှုခင်းမှတ်တမ်းများအရ သိရပါတယ်။
Ref:AP 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment