ဒီအမှုဟာ သင်ကြားဖူးသမျှထဲမှာ နိဗ္ဗာန်ယာဉ်ကိုမှ ခိုးယူတဲ့ အထူးဆန်းဆုံး သတင်းတစ်ပုဒ်ဖြစ်ပါလိမ့်မယ်။အသက် ၂၈နှစ်အရွယ်ရှိ Michael Healing ဆိုသူဟာ သူ့ရဲ့မူးယစ်ဆေးရောင်းသမားကို ချောက်ချဖို့အတွက် နိဗ္ဗာန်ယာဉ် အလွတ်တစ်စီးကို ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ကနေ ပြီးခဲ့တဲ့ အပတ်က ခိုးယူခဲ့တယ်လို့ ရဲတွေကပြောပါတယ်။
Healing ဟာ မူးယစ်ဆေးရောင်းသမားဆီကနေ ကန်ဒေါ်လာ ၁၁၀၀၀ ကိုခိုးယူခဲ့ပြီး ပြန်ဆပ်ဖို့ ဖိအားခံနေခဲ့ရပါတယ်။ သူ့ရဲ့အစီအစဉ်ကတော့ နိဗ္ဗာန်ယာဉ်ကို ခိုးမယ်၊ ပါကင်ထိုးမယ်၊ ကားထဲမှာ ပိုက်ဆံရှိတဲ့အကြောင်း မူးယစ်ဆေးရောင်း သမားကိုပြောမယ်၊ မူးယစ်ဆေးရောင်းသမားဟာ နိဗ္ဗာန်ယာဉ်ကို ခိုးလာတယ်လို့ အထင်ရောက်စေမယ်။ ပြီးရင် မူးယစ်ဆေးရောင်းသမားက ကားကိုမောင်းနေတုန်း ရဲကိုအကြောင်းကြားမယ်။ ဒါပါပဲ။ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအစီအစဉ်က မအောင်ခဲ့ပါဘူး။
နိဗ္ဗာန်ယာဉ်ကို ပြန်လည်ရရှိခဲ့ပြီး Healing ဟာလည်း ကားခိုးမှုနဲ့ ထောင်ထဲရောက်နေခဲ့ပါပြီ။ ဒီနိဗ္ဗာန်ယာဉ် ခိုးမှုရဲ့နောက်ကွယ်မှာတော့ မူးယစ်ဆေးရောင်းသမားဟာ Healing ကိုပြန်ပေးဆွဲခဲ့ပြီး အပေါင်ပစ္စည်းအဖြစ် Healing မိခင်ရဲ့ ကားကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။
Ref:Newser
Source:trend.com.mm

0 comments:
Post a Comment