အရွယ်မရောက်သူ အိမ်ဖော်မိန်းကလေးကို ရက်စက်စွာညှင်းပန်းနှိပ်စက်မှု ဖြစ်ပွား


 တောင်ဒဂုံမြို့နယ်တွင် အရွယ်မရောက်သေးသူ အိမ်ဖော်မိန်းကလေးကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှု တခုဖြစ်ပွားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက် “တို့အမေ” အခမဲ့ဆေးကု ခန်းတွင် ဇူလိုင် ၂၅ ရက်က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။


“ကျွန်တော်တို့ရုံးကို ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ ကျင်းပနေချိန်မှာ ဒီကလေးမလေးအကြောင်း ရောက်လာတယ်။ ကျွန်တော်တို့ သိသိချင်း လိုက်သွားတော့ ကလေးက မြင်တဲ့အတိုင်း လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရတယ်။ ခေါင်းတွေ ကိုလည်း ချိန်းကြိုးနဲ့ရိုက်တယ်။ သားမြတ်ကိုလည်း ထမင်းခိုးစားလို့ဆိုပြီး ကက်ကြေး နဲ့ညှပ်တယ်။ စာမတတ်တဲ့ကလေးမလေးကို ဒီလိုညှဉ်းပန်းနှိပ်စက်တာကို မကြည့်ရက်လို့ ကျွန်တော် သက်ဆိုင်ရာရဲ့စခန်းကို အသိပေးတိုင်ကြားခဲ့တယ်။ ရဲစခန်းက (ပုဒ်မ ၃၂၂) တုန်းသောအရာနှင့်ရိုက်သော အမှု၊ ပုဒ်မ ၃၅၄ ကာဣနြေ္ဒပျက်မှု၊ ပုဒ်မ ၅၀၆၊ ဆဲဆိုခြိမ်းခြောက်မှုဆိုပြီး ဖွင့်တယ်။ ဖွင့်ပေးတဲ့အမှုတွေနဲ့ အမှန်တကယ်နှိပ်စက်ခံရတာနဲ့ ကိုက်ညီမှုမရှိဘူးဖြစ်နေတယ်''ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ပြောသည်။


ကာယကံရှင် မသန်းသန်းအိက ''မနက် ၆ နာရီကစပြီး တနေကုန် အလုပ် လုပ်ရတယ်။ ထမင်းခိုးစားလို့ဆိုပြီး လက်ထိပ်တွေကို ရိုက်တယ်။ ခေါင်းကိုလည်း သံယောင်းမနဲ့ရိုက်တယ်။ ချိန်းကြိုးနဲ့လည်း တကိုယ်လုံးကို ရိုက်တယ်။ ခေါ်သွားပြီး ၁ လလောက်ထဲကစပြီး ရိုက်တာပါပဲ။ ထွက်ပြေးချင်တာကတော့ ကြာပါပြီ။ အခု အိမ်တအိမ်ကို ထွက်ပြေးပြီး ရပ်ကွက် ရုံးကိုရောက်တော့မှ သမီးအဖေ ဦးလေးတွေကို အဖြစ်မှန်တွေကို ပြောပြပါတယ်။ မြောက်ဥက္ကလာဆေးရုံကြီးမှာ ဆေးကုခံရ ပြီး ဒီကိုရောက်လာတာပါ။ ထမင်းမကျွေးတဲ့ရက်တွေလည်း ရှိပါတယ်''ဟု ပြောပြသည်။


နှိပ်စက်ခံရသူ မိန်းကလေး၏အမည်မှာ မသန်းသန်းအိဖြစ်ပြီး အသက် ၁၅ နှစ်သာရှိသေးကြောင်း သိရသည်။ ၎င်းနေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ငွေကြေးအနေနှင့် ကျပ် ၅၀၀၀ တကြိမ်၊ ကျပ် ၁၀၀၀၀ တကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ရခဲ့ဖူးသည်ဟု ဦးလေးတော်စပ်သူ ကိုမျိုးဦးက ပြောသည်။


''ဇူလိုင် ၁၄ ရက်နေ့ ညမှာ မြောက်ဒဂုံရဲစခန်းက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ ဒဂုံမြောက်ပိုင်း၊ ၄၁ ရပ်ကွက်၊ တော်ဝင်ရိပ်သာ အခန်း ၃ မှာ နေထိုင်သူ ဒေါ်အေးအေးဝင်း အပါအ၀င် ၅ ဦးက တူမလေးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့အကြောင်းကို သိရတယ်''ဟု ကိုမျိုးဦးက ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment