အားကောင်းသော မုန်တိုင်းသတင်း


 အားကောင်းသော မုန်တိုင်းငယ်အ‌ခြေအနေသတင်း

 ဒီကနေ့ မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင်(၄၀)ခန့်၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင်(၇၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် (၆၅)မိုင်ခန့်နဲ့ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေတဲ့ အခြေအနေဖြစ်ပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန်(၁၁း၃၀)နာရီအချိန်မှာ မြောက်လတ္တီကျု (၂၁.၃)ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု (၉၁.၃)ဒီဂရီမှာရှိပြီး၊ ဗဟိုချက်လေဖိအားမှာ (၉၉၄)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်နှုန်းဖြစ်ပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့မွန်းတည့်မှ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ကမ်းခြေသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင်(၅၀)မှ မိုင်(၆၀)အထိနဲ့ စစ်တွေခရိုင်ဒေသမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်မှ မိုင်(၅၀)အထိတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးပါ့မယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသမှာ (၈)ပေမှ (၁၀)ပေအထိနဲ့ စစ်တွေခရိုင်ကမ်းခြေဒေသမှာ (၆)ပေမှ (၈)ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် အကြံပြုအပ်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment