ကလောမြို့ တွင် လေးနှစ်အတွင်း စံချိန်အမြင့်ဆုံးရေတက်ရေလွှမ်းမိုးမှုဖြစ်


 ကလော ဇူလိုင် ၂၈

 ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရပ်ကွက် ၂၊ ၃၊ ၄ နှင့် အင်းပြင်ကျေးရွာများကို ဖြတ်သန်းစီးဆင်းလျက်ရှိသော ကလောချောင်းသည် ဇူလိုင် ၂၆ ရက် နံနက် ၂နာရီခန့်တွင် ကလောမြို့တောင်ဘက် တောင်ပေါ်တောင်လားကျေးရွာအုပ်စု မြင်းတိုက်မြင်စိုင်းကုန်းကျေးရွာ ကုန်းမြင့်ဒေသများမှ ပြိုဆင်းလာသော တောင်ကျရေများ စီးဆင်းမှုကြောင့် ကလောမြို့တွင်းတွင် ပေလေးပေကျော်နှင့် အင်းပြင်ကျေးရွာ နန်းအွန်ကျေးရွာနေရာများထိ ချောင်းရေများ လေးနှစ်အတွင်း စံချိန်အမြင့်ဆုံး ရေတက်ရေလွှမ်းမိုးခဲ့သည်။

အဆိုပါ ရေတက်ရေလွှမ်းနေရာများသို့ ကလောမြို့စစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်သူ မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဒေါက်တာလှမြင့်၊ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မြို့မစခန်းမှူးဒုရဲမှူးဆွေဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း၊ ကြက်ခြေနီအသင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အောင်ပန်းမြို့ အောင်ပြည့်စုံသွေးလှူရှင်များတို့က ရေဘေးဒုက္ခနေရာများမှ ကယ်ဆယ်ပြောင်းရွှေ့နေရာ
ချထားပေးခြင်း၊ ဆေးဝါးကုသပြုစုခြင်း၊ အစားအစာများ၊ သောက်ရေများ လိုက်လံကူညီ ပံ့ပိုးထောက်ပံ့ခဲ့ကြသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment