![]() |
| ဆုရသူတွေထဲမှာ နာရေးကူညီမှု အသင်း ထူထောင်သူ ဦးကျော်သူ ပါဝင်။ |
ဒါ့အပြင် အိန္ဒိယ နိုင်ငံက အန်ရှူ ဂုပ္ပတာ Anshu Gupta လည်း ဆုရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ သူက ဆင်းရဲသားတွေ အတွက် အဝတ်ဟောင်းတွေကို ပြန်အသုံးဝင်အောင် လုပ်ပေးတဲ့ ကုသိုလ်ဖြစ် အသင်းကို ဦးဆောင် လည်ပတ်သူ ဖြစ်ပါတယ်။
နောက်တစ်ဦး အနေနဲ့ လာအိုနိုင်ငံမှာ စစ်ကြောင့် နေရာရွှေ့ပြောင်းရတဲ့ ဒုက္ခသည်တွေအတွက် အလုပ်အကိုင်တွေ ဖော်ထုတ်ပေးတဲ့ ကွမ်မလီ ချာတာဗောင် Kommaly Chnathavong ဆိုသူလည်း ပါဝင်ပါတယ်။
ရေမွန် မက်ဆေးဆေး ဆုကို အာရှတိုက်ရဲ့ နိုဘယ်လ်ဆု အဖြစ် တင်စား ဂုဏ်ပြုကြလေ့ ရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese

0 comments:
Post a Comment