ချစ်သူနှစ်ဦး ထပ်တူထပ်မျှ ချစ်ကြတယ်ဆိုတာ ရှားပါတယ်လို့ ဆိုလာတဲ့ နန်းဆုဦးရဲ့ အချစ်အကြောင်း


အရင်က နာမည် သုံးလုံးပိုင်ရှင် နာမည်ကြီး မင်းသားတစ်ယောက်နဲ့ အချစ်ရေးတွေ နာမည်ထွက်ခဲ့ဖူးပေမယ့် အခုလက်ရှိမှာတော့ အချစ်ရေးက Single ပါလို့ ဖွင့်ပြောလာလေသူ နန်းဆုဦးက သူမရဲ့အချစ်ရေးကို ခုလို ဖွင့်ဟလာပါတယ်။ "အချစ်ရေးကတော့ Single ပါ။ အချစ်နဲ့ပတ်သက်ပြီး နားလည်ထားတာက အချစ်ဆိုတာ သွားပြီးတော့ ရှာလို့လဲ မရဘူး။ သူ့ဟာသူ ကိုယ့်ဆီရောက်လာတာပေါ့။ အချစ်မှာ ချစ်တတ်တဲ့သူ ၊ မချစ်တတ်တဲ့သူ ဆိုပြီး မရှိဘူး။ ကိုယ်တွေ့တဲ့ သူပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ လူနှစ်ယောက်တွေ့တယ်ပေါ့။ အဲ့ဒီ နှစ်ယောက်မှာ တော်တော်များများဖြစ်တာက တစ်ယောက်က ချစ်တယ်။ တစ်ယောက်က သိပ်မချစ်ဘူး။ နှစ်ယောက် ထပ်တူထပ်မျှ ချစ်တယ်ဆိုတာ ရှားပါတယ်။ အဲ့ဒီလိုဆိုတော့ ကိုယ်က ချစ်တဲ့သူလား။ အချစ်ခံတဲ့ သူလားဆိုတော့ ကိုယ်တွေ့တဲ့ သူပေါ်မှာပဲ မူတည်ပါတယ်။
ကိုယ်တွေ့တဲ့သူက ကိုယ့်ကို အရမ်းချစ်တယ် ဆိုရင်တော့ ကိုယ်က သိပ်မချစ်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီတစ်ယောက်က ကိုယ်အလိုလိုက်တာထက် ပိုအလိုလိုက်မယ်။ ကိုယ့်ထက်ပို အလျှောပေ့းမယ်။ ဘာကြောင့်လဲဆိုတော့ သူက ပိုချစ်နေတာကိုး။ ဒါမှမဟုတ် ကိုယ်က ပိုချစ်ရတဲ့သူ ဆိုရင်တော့ ကိုယ်က သူ့ကို ပိုအလိုလိုက်မယ်။ ပိုအလျှော့ပေးမိမှာပေါ့။ ကြုံခဲ့ဖူးတဲ့ ချစ်သူတွေကလဲ သူ့ဖက်က ပိုချစ်တာလဲကြုံခဲ့ဖူးသလို ကိုယ့်ဖက်ကလဲ ပိုချစ်ခဲ့ဖူးတယ်။ အခုလက်ရှိမှာတော့ အချစ်က နန်းဆုဘ၀အတွက် ဘယ်လောက်အရေးပါလဲဆိုရင် လက်ရှိအနေအထားနဲ့ပြောရရင် ရည်းစားလဲ မထားဖြစ်တော့ဘူးဆိုတော့ အချစ်မရှိဘူးပေါ့နော်။ ရာခိုင်နှုန်းနဲ့တော့ အတိအကျမပြောတတ်ပါဘူး။ အိမ်ကတော့ ကလေးလဲ မဟုတ်တော့တဲ့အတွက် ရည်းစားထားချင်လဲ ထားလို့ရတယ်။ ထားခွင့်လဲပေးထားတယ်။ အမေနဲ့တော့ တိုင်ပင်လို့ရတာပေါ့နော်။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ နန်းဆုရည်းစားလဲ မထားချင်သေးဘူး။ ဒီအလုပ်ကို ပဲ ဇောက်ချပြီးသေချာလေးကြိုးစားချင်ပါသေးတယ်"တဲ့။
လက်ရှိမှာ ဒါရိုက်တာဂျိုးရိုက်ကူးတဲ့ Run ဆိုတဲ့ ဇာတ်ကားကို ကောင်းပြည့်နဲ့အတူ လိုတရတဲ့ သူဌေးသမီးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင် နေတဲ့နန်းဆုဦးက သူမရဲ့ အနုပညာအကြောင်းတွေကိုတော့ "ဒီကားပြီးရင် ညီမ မေမြို့မှာ ကိုနေမင်းနဲ့ ဗီဒီယိုနှစ်ကား သွားရိုက်ဖို့ရှိတယ်။ ၁ ရက်နေ့သွားမှာပါ။ ကားကြီးလဲ ရိုက်ဖို့ရှိတယ်။ ကားကြီးကတော့ ရန်ကုန်မှာ လာပြန်ရိုက်မှာပါ။ ညီမကို လာကမ်းလှမ်းတဲ့ ဇာတ်တွေက ခပ်မိုက်မိုက် ခပ်ဆိုးဆိုး ကာရိုက်တာတွေ များတယ်။ ခုနောက်ပိုင်းမှသာ နယ်ဇာတ်တို့တောဇာတ်တို့ လာကမ်းလှမ်းကြတာပါ။ ညီမလဲ မလုပ်ဖူးတဲ့ ကာရိုက်တာတွေ ခုနောက်ပိုင်းမှာ ကမ်းလှမ်းလာတဲ့အတွက် ညီမအကောင်းဆုံးကြိုးစားထားပါတယ်။"လို့ သူမက ဖွင့်ဟပါတယ်။
လက်ရှိ သူမရဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ သူမက "ပညာရေးကတော့ Yangon International School မှာ ၁၂ တန်းထိပြီးသွားပြီ။ ဒီမှာပြီးသွားတော့ ညီမက ဟိုမှာ တက္ကသိုလ်သွားတက်ရမှာ ၄နှစ်ပေါ့။ အဲ့ဒါကြောင့် ဒီမှာနားပြီး ဟိုမှာ ၄ နှစ် သွားတက်ဖို့ကျတော့လဲ မဖြစ်နိုင်ဘူး။ အဲ့ဒါနဲ့ပဲ မတက်ဖြစ်တာပါ။ ဆက်တက်ဖြစ် မတက်ဖြစ်ကတော့ မသေချာတော့ပါဘူး"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment