ကိုယ့်ကို လိုက်နေတဲ့သူတွေ ရှိပေမယ့် Single အဖြစ်နေလာတာ ၃ နှစ်ရှိပြီလို့ပြောလာတဲ့ ၀ါဆိုမိုးဦးက နှာခေါင်းပြင်ထားကြောင်း ဖွင့်ဟ


လက်ရှိမှာ သရုပ်ဆောင်ဘက်သာမက ဂီတဖက်ကိုပါ အခြေချစပြုနေတဲ့ ၀ါဆိုမိုးဦးက တစ်ကိုယ်တော်ခွေလေးကို စီစဉ်နေသလို လာမဲ့ ၂၇ ရက်နေ့မှာ ကျရောက်မဲ့ သူမရဲ့ ၂၁ မြောက်မွေးနေ့နဲ့ပတ်သက်ပြီးတော့လဲ အလှူအတန်းတွေ လုပ်ဖို့ရှိတာကြောင့် သူမရှိရာ သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်တဲ့အခါ
-အခုလက်ရှိ အနုပညာလှုပ်ရှားမှု။
ရွှေမန်းတောင် ကြော်ငြာရိုက်တယ်။ ပွဲတွေမှာ သီချင်းဆိုနေတယ်။ ၀ါဆို တစ်ကိုယ်တော်ခွေလေး လုပ်နေပါတယ်။
-လာမဲ့ ၂၇ ရက်နေ့မှာ ကျရောက်မဲ့ ၀ါဆိုရဲ့ ၂၁ နှစ်မြောက် မွေးနေ့မှာ ဘယ်လိုပွဲမျိုးလုပ်ဖို့ အစီအစဉ်ရှိလဲ။
ဝါဆိုမွေးနေ့မှာ အလှူအတန်းလေး လုပ်ဖို့စဉ်းစားထားတယ်။ နောက်ပြီး ၀ါဆိုတို့ကိုးကွယ်နေတဲ့ ဆရာတော် ကို ဆွမ်းကပ်မယ်။ နောက်ပြီး ၀ါဆိုတို့ အိမ်နဲ့ခင်မင်ရင်းနှီးတဲ့ သူတွေ သူငယ်ချင်းတွေ မိသားစုတွေနဲ့ပဲ G six Karaoke မှာ လုပ်ဖို့စဉ်းစားထားတယ်။
-အသက်တစ်နှစ်ကြီးသွားသလို ထိပ်စည်းပြောင်းသွားတဲ့အပေါ် ၀ါဆိုရဲ့ ရင့်ကျက်မှုကဘယ်လိုရှိမလဲ။
ကိုယ့်ကို ကိုယ်ရင့်ကျက်တယ်လို့လဲ ခံစားမိတယ်။ အသက်တစ်နှစ်ကြီးသွားပြီဖြစ်တဲ့အတွက် အရင်တုန်းကဆို ၁၈ ၁၉ ပေါ့။ ခုတော့ ၂၁ ဆိုတော့ ထိပ်စည်းဂဏန်းလဲပြောင်းသွားပြီဆိုတော့ အရင်က ထက်ပိုပြီး ရင့်ကျက်လာတယ်လို့ထင်ပါတယ်။
-ခုနောက်ပိုင်းလဲ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ အရမ်းမိုက်တဲ့ ပုံလေးတွေ အရမ်းတင်လာတာတွေ့နေရတယ်။
ဟုတ်။ ၀ါဆိုက ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတယ်။ ၀ါဆိုဟာဝါဆို Selfile ရိုက်ရတာလဲ ၀ါသနာပါတယ်။ ပုံလေးတွေတင်ဖြစ်တယ်။ နောက်ပြီးခုနောက်ပိုင်း dubsmash ဗီဒီယိုလဲရိုက်ရတာ ကြိုက်တယ်။ ကိုယ့်စိတ်ကို Relax ဖြစ်စေတယ်ပေါ့။ နောက်ပြီး လူငယ်တစ်ယောက်အနေနဲ့ အဲ့လိုမျိုးလေးတွေ လုပ်နေရရင် ကိုယ့်ဆီမှာရှိတဲ့ စိတ်ညစ်စရာလေးတွေ ပျောက်တယ်လို့ခံစားရတယ်။ ၀ါဆိုအတွက်ပေါ့နော။် အဲ့ဒါကြောင့် တင်ဖြစ်တာပါ။
-၀ါဆိုတင်တဲ့ ပုံလေးတွေမှာ တချို့ပုံတွေက အရမ်း Sexy ဖြစ်တာမျိုးလေးတွေ တွေ့ရတယ်။ အဲ့ဒီလိုပုံတွေတင်တဲ့အခါ ရိုင်းစိုင်းတဲ့ Comment တွေ ပေးခံရလို့ စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုးရော ကြုံခဲ့ဖူးလား။
ဝါဆို စိတ်တော့မညစ်ဘူးရှင့်။ ၀ါဆိုမှန်တယ်ထင်လို့ဝါဆို လုပ်တာပေါ့နော်။ ဒါပေမဲ့ တချို့ ၀ါဆိုကို ချစ်တဲ့ ပရိသတ်ရှိသလို မချစ်တဲ့ ပရိသတ်တွေလဲ ရှိမှာပါ။ ကိုယ့်ကို ချစ်တဲ့ပရိသတ်ကတော့ ကိုယ့်ကို ဝေဖန်တဲ့အပိုင်းမှာ အကောင်းဖက်ကပဲဝေဖန်ကြမှာပါ။ ဘယ်သူမှကတော့ ပိုးစိုးပက်စက်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၀ါဆိုကို မုန်းတဲ့သူတွေလဲ ရှိမှာပါ။ အဲ့ဒါကြောင့် အဲ့ဒီအပေါ်မှာ ဘာ Feeling မှမရှိပါဘူး။ အဆင်ပြေပါတယ်။
-၀ါဆို ကြိုးစားနေတဲ့ သီချင်းခွေလေးကရော ဘယ်တော့လောက်ထွက်မလဲ။
၁၂ လပိုင်းထွက်ဖို့တော့ စဉ်းစားထားတယ်။ ခုချိန်မှာတော့ သွင်းလိုက် ၊ လုပ်လိုက်နဲ့စီစဉ်စရာ ရှိတာလေးတွေ စီစဉ်နေပါတယ်။ Title လဲမပေးရသေးပါဘူး။ အားလုံးပြီးမှ စိတ်ကြိုက် နာမည်ပေးချင်လို့ပါ။ ၀ါဆိုနဲ့ဆိုပေးမှာက ကိုနေတိုး၊ ကိုကျော်ကျော်ဗို၊ ကိုမင်းမော်ကွန်း၊ ကိုထွန်းထွန်း ၊ ကိုအားတီ၊ မစန္ဒီမြင့်လွင်ပါ။ သူတို့နဲ့လိုက်ဖက်မဲ့ သီချင်းလေးပေါ့ မျိုးစုံလုပ်ထားတယ်။ ၀ါဆိုအခွေထဲမှာ သီချင်းအမျိုးအစား တစ်မျိုးထဲမဟုတ်ဘူး။ ပုံစံမျိုးစုံပါမယ်။ တေးရေးတွေကတော့ ကိုရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ရွှေထူး၊ အားတီပါမယ်။ ကိုသိန်းလင်းစိုးပါမယ်။ တချို့အပုဒ်တွေလဲကျန်သေးပါတယ်။
-၀ါဆို ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လောက်ထိစိတ်ဝင်စားလဲ။
ဝါဆိုအပြင်လူတစ်ယောက်ဆိုရင်လဲ ၀တ်စားမှာပဲပေါ့။ ညီမကိုယ်တိုင်ကိုက ဖက်ရှင်နဲ့ပတ်သက်ရင် အရမ်းဝါသနာပါတယ်။ အရမ်းလဲ စိတ်ဝင်စားတယ်။ လေ့လာပြီးဝတ်ဖြစ်တယ်။ ဒါကညီမရဲ့ဝါသနာတစ်ခုပေါ့။ ညီမကြီးလာရင်တောင် ဒီဇိုင်နာလုပ်ဖြစ်ချင်လုပ်ဖြစ်မယ်။ ဒါမှမဟုတ် ဖက်ရှင်ဆိုင်ဖြစ်ဖြစ် ဖွင့်ရင်ဖွင့်ဖြစ်မယ်။
-ပညာရေးကတော့ ဘယ်လိုမျိုးဆက်လုပ်သွားမလဲ။
ပညာရေးကတော့ ဆယ်တန်းမဖြေရသေးဘူး။ ဒီနှစ်ကတော့ မဖြေဖြစ်သေးပါဘူး။
-ခုနောက်ပိုင်း အနုပညာရှင်တော်တော်များများ နှာခေါင်းပြင်လာကြတယ်။ အဲ့ဒီအပေါ် ၀ါဆို့အမြင်ကဘယ်လိုမျိုးရှိလဲ။
လှချင်တဲ့ သူကတော့ ပြင်တာပဲ။ ၀ါဆိုလဲပြင်ထားတယ်။ ၆လလောက်တောင် မရှိသေးပါဘူး။ ပရိသတ္ကိုလဲ ၀ါဆို လံုး၀မလိမ္ဘူး။ လုပ္ထားရင္လုပ္ထားတယ္ပဲ။ ၀ါဆိုနှာခေါင်းပြင်ထားတယ်။ ကျန်တာ ဘာတစ်ခုမှမပြင်ထားဘူး။ အဲ့ဒါလဲ မိသားစုက တိုက်တွန်းလို့ပြင်ရတာပါ။ ၀ါဆိုခွဲစိတ်ရတာ အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ ပြင်ပြီးသွားတော့လဲ ပိုလှသွားတယ်လို့ ထင်မိတယ်။ အဆင်ပြေသွားတာပေါ့။ ၀ါဆို ဘန်ကောက်က ရန်ဟီးမှာပြင်တာပါ။
-တချို့ အနုပညာရှင်တွေရှိတယ်။ ပြင်ထားပေမဲ့ မပြောပြကြဘူး။ ဒါကရော ဘာကြောင့်လို့ထင်မိလဲ။
ဝါဆိုကအရင်ကတည်းကပွင့်ပွင့်လင်းလင်းပဲ။ ၀ါဆိုဟုတ်ရင်ဟုတ်တယ်။ မဟုတ်ရင်မဟုတ်ဘူး။ မိသားစုကိုလဲ ဘယ်တော့မှ မလိမ်ဘူး။ ၀ါဆို ကိုယ်တိုင်လဲမလိမ်သလို ၀ါဆို့ကို လိမ်ရင်လဲအရမ်းမုန်းတယ်။ ပရိသတ်ကိုလဲ ၀ါဆိုမလိမ်ချင်ဘူး။ ပြင်ရင်ပြင်တယ်ပေါ့။ ပြင်လို့လှတာ ထက် ပရိသတ်ကအရင်ကတည်းက ကိုယ်ဘယ်လိုရုပ်လဲဆိုတာ သိပြီးသားပဲလေ။ ကိုယ်ပြင်ထားရင်လဲ ပရိသတ်က ကိုယ်ဘာတွေပြောင်းလဲသွားလဲဆိုတာသိမှာပဲ။ အဲ့ဒါကြောင့်ပါ။
-ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ၀ါဆို့ရဲ့အချစ်ရေး။
ဝါဆို တည်ငြိမ်နေဆဲပါပဲ။ အချစ်ရေးကတော့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတဲ့အတွက် မစဉ်းစားဖြစ်သေးပါဘူး။ ကိုယ့်ကို လိုက်နေတဲ့သူတွေကတော့ ရှိတယ်။ ဒါပေမဲ့ သူငယ်ချင်းအဖြစ်ပဲ လက်ခံဖြစ်တယ်။ အချစ်ရေးကတော့ မစဉ်းစားသေးပါဘူး။ ၀ါဆို Single အဖြစ်နေတာ ၃နှစ်လောက်ရှိသွားပါပြီ။
-ပရိသတ်ကိုရော ဘာများထပ်ပြောချင်ပါသေးလဲ။
ဝါဆိုအခွေလေးကိုအားပေးကြပါ။ အဓိက က၀ါဆို မြတ်တာ ၊ ရှုံးတာထက် ၀ါဆိုရဲ့ သီချင်းခွေကို ပရိသတ်အားလုံး နားထောင်ကြည့်ဖူးစေချင်တယ်။ ၀ါဆိုဖက်က အကောင်းဆုံးဖြစ်အောင်စီစဉ်သွားမှာပါလို့ပြောချင်ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment