စဥ့်ကူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်


 စဥ့်ကူး ဇူလိုင် ၂၅

 မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ဇူလိုင် ၂၄ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ စဥ့်ကူးမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များရှိ လူနေအိမ်များနှင့် ရုံးအဆောက်အအုံ အချို့တို့တွင် ရေများဝင်ရောက်ခဲ့ရာ မိုးရေချိန်မှာ ၁ဝ ဒသမ ၄၈ လက်မဖြစ်၍ မကြုံစဖူးထူးကဲသော မိုးရေချိန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စဥ့်ကူးမြို့ရိုး တာပေါင်တွင် စိုးရိမ်ရေမှတ်ရောက်ရှိနေခဲ့ ပြီး တာရိုးမကျိုးပေါက်ရေးအတွက် တာဝန်ရှိသူများက မြေဖို့ခြင်း၊ သဲအိတ်များချထားခြင်းများ စုပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နွယ်ရုံကျေးရွာနှင့် လက်ပံလှကျေးရွာ မိုးကုတ်-မန္တလေးသွား ကားလမ်းပေါ်တွင် မိုးရေများ ကျော်လွန်နေခြင်း၊ နွယ်ရုံကျေးရွာအခြေခံပညာ အထက် တန်းကျောင်း အုတ်တံတိုင်းများနှင့် ကျောင်းအဝင်သံပန်း တံခါးများ ပြိုကျပျက်စီးခြင်း၊ ရေမျက်ကျေးရွာတွင် လူနေအိမ် ၄ဝ ခန့် ရေများဝင်ရောက်ပြီး လူနေအိမ်လေးလုံး ပြိုကျပျက်စီးခဲ့ခြင်းနှင့် မင်းရွာ-ထန်းကိုးပင်ကျေးရွာအကြား ကွန်ကရစ်တံတား ရေထဲမျောပါသွားခြင်းတို့ဖြစ်ပေါ်ခဲ့ ပြီး ကနဦးသတင်းအရ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကျေးရွာများ သို့တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရ သည်။ ထို့အပြင် စဥ့်ကူးမြို့နယ် ဟင်္သာကျေးရွာနှင့်ကြက်တူ ရွေးကျေးရွာတို့တွင် ရေတိုက်စားကမ်းပါးပြိုမှုတို့ကြောင့် နေအိမ်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၄၃ စုကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စေတနာရှင် အလှူရှင်များနှင့် အခြားလူမှုရေးအဖွဲ့အစည်းများက ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတောက်နှင့် အဖွဲ့သည် ဇူလိုင် ၂၂ ရက်က ကမ်းပြို အိမ်ထောင်စုဝင်များနှင့်တွေ့ဆုံ အားပေးစကားပြောကြား ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုနှင့် ရေစီးအားလျော့ နည်းအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျေးရွာတွင်း ရေကင်းများချထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment