ရက် ၃၀ အတွင်း “What Do You Mean” လို့ အမည်ပေးထားတဲ့ ဆင်ဂယ်လ်အသစ် ထွက်ရှိမှာဖြစ်ကြောင်း Justin Bieber ကြေငြာ


Ryan Seacrest နဲ့ ပြုလုပ်ခဲ့တဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ Justin Bieber ဟာ ဆင်ဂယ်လ်အသစ်တစ်ပုဒ် မကြာမီ ထွက်ရှိတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါသီချင်းကို “What Do You Mean” လို့ အမည်ပေးထားပြီး သြဂုတ်လ ၂၈ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်တယ်လို့ အသက် ၂၁ နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့်က ဖြေကြားခဲ့တာပါ။
“ နွေရာသီဆန်ဆန် ပျော်စရာသီချင်းလေးပါ…ပထမဆုံးဆင်ဂယ်လ်က တကယ့်ကို မိုက်ပါတယ်။ ဒီသီချင်းကို Poo Bear ဆိုတဲ့ ဘဲနဲ့ တူတူကြိုးစားပြီး ရေးခဲ့တာပါ” လို့  JB က အမြည်းပြောသွားပါတယ်။JB ဟာ သူ့ ရဲ့ Instagram မှာလည်း ဗုဒ္ဓဟူးနေ့ က 30 days ဆိုတဲ့ အနက်ရောင်ပုံ တစ်ပုံတင်ခဲ့ပြီး အချိန်ရေတွက်မှု (countdown) စတင်လိုက်ပါတယ်။
Ref: eonline.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment