ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပန်းတောင်းမြို့ပေါ်ရပ်ကွက်များ ရေ၀င်ရောက်


 ပန်းတောင်း သြဂုတ် ၅

 ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ပန်းတောင်းမြို့တွင် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၃ဝ ရက်မှ စတင် ဝင်ရောက်ရာမှ သြဂုတ် ၁ ရက် တွင် ၉၅ ပေ အထိ ဆက်လက်မြင့်တက်မှုများ ဖြစ်ပေါ်နေခဲ့သည်။

အဆိုပါ မြစ်ရေများမြင့်တက်ခဲ့သောကြောင့် ပန်းတောင်းမြို့ပေါ်ရပ်ကွက်များဖြစ်သော မင်း ရက်ဝန်လို ဖောင်းကန် စည်သာကြခတ်တို့ရှိ မြို့ နယ်ပြည်သူ့ဆေးရုံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြို့ နယ်ရဲစခန်း မြို့နယ်သစ်တော ဦးစီးရုံးနှင့် မြို့နယ်ရုံ များ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်း များ လူနေအိမ်များလမ်းများသို့ ရေများ စတင်ဝင် ရောက်မှုရှိခဲ့ပြီး ပန်းတောင်း-တောင်ကုတ်အဝေး ပြေးလမ်းမကြီးအချို့နေရာများတွင် နှစ်ပေခန့် မြင့်တက်ပြီး ရေများဖြတ်ကျော်လျက်ရှိသည်။

မြစ်ရေကြီးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး လက် ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်ထွန်းနှင့် မြို့ နယ်တာဝန်ရှိ သူများ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနများနှင့် ဒေသတွင်း လူမှုရေးအဖွဲ့အစည်းများမှ ဆေးရုံတက်လူနာ များအား ရေမြင့်ရာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်း ရွှေ့ခြင်းနှင့် ရေနစ်မြှုပ်သည့် အိမ်ထောင်စု ၁၅ဝ ရှိ လူဦး ရေ ၆၂ဝ တို့အား ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားရှိကာ သောက်သုံးရေ ဆန် အိတ်နှင့် ခေါက်ဆွဲခြောက် များထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

 အောင်မြင့်
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment