ထိုင်းဗုံးဖောက်ခွဲမှုတွင် သံသယရှိသူအဖြစ် ယုံကြည်ရသူ စွပ်စွဲချက်များကို ငြင်းဆို


 ဗန်ကောက် သြဂုတ် ၃၁

 သြဂုတ်လလယ်က ဗန်ကောက်မြို့လယ်၌ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက် ပြီး ဖမ်းဆီးခဲ့သော လူတစ်ဦးက ယင်းဗုံးခွဲတိုက်ခိုက်မှုတွင် ၎င်းပါဝင်ခြင်း ကို ငြင်းဆိုခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။

ပေါက်ကွဲစေသည့် ပစ္စည်းများပိုင်ဆိုင်မှုဖြင့် သံသယရှိသူ နိုင်ငံခြားသား တစ်ဦးကို ရဲအဖွဲ့က ဗန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ၄င်းနေထိုင်ရာ တိုက် ခန်းတွင် သြဂုတ် ၂၉ ရက်က ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၁၇ ရက် ဗန်ကောက် ဗုံးဖောက်ခွဲမှုတွင် အသုံးပြုခဲ့သော သတ္တု ဘောလုံးငယ်များနှင့်ဆင်တူသည့် ပစ္စည်းများနှင့်သာမက တူရကီနိုင်ငံကူး လက်မှတ်အတု အမြောက်အမြားနှင့်တကွ ဖမ်းဆီးခြဲ့ခင်းဖြစ်သည်။

သံသယရှိသူ၏ နာမည်နှင့်နိုင်ငံသားပါဝင်သော သက်သေခံကတ်ကို ယခုချိန်ထိမသိရသေးကြောင်း၊ သံသယရှိသူက သူသည် ထိုင်းနိုင်ငံနှင့် အရှေ့ တောင်အာရှဒေသများတွင်နေထိုင်ရန် ပြည်ပမှလာရောက်သူဖြစ်ကြောင်း၊ ဗုံးနှင့် ပတ်သက်ပြီး ဘာမှမသိကြောင်း ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့ သည်။

သြဂုတ် ၃ဝရက်က သံသယရှိသူ၏ တိုက်ခန်းမှ ၁ဝ ကီလိုမီတာအကွာ တွင်ရှိသော အခြားတိုက်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ တိုက်ခန်းသို့ ၄င်းမကြာမခဏဝင်ထွက်သွားလာသည်ဟု ရဲများက ယူဆကြသည်။ ရဲတပ်ဖွဲ့များသည် ဗုံးပေါက်ကွဲရာတွင် အသုံးပြုသည့် ဆဲလ်ဖုန်းများနှင့် ဓာတုဓာတ်ကူပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ပြောခဲ့သည်။

မကြာသေးမီက ရဲတပ်ဖွဲ့က နိုင်ငံကူးလက်မှတ်အတုလုပ်သည့်အဖွဲ့အား တိုက်ခိုက် ချေမှုန်းခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့က ဗုံးခွဲ တိုက်ခိုက်ခြင်းကို ပြုလုပ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။ ၄င်းအဖွဲ့ သည် တရားမဝင် ခိုးဝင်သူများကို ထိုင်းမှတူရကီသို့သွားရန်အတွက် နိုင်ငံကူး လက်မှတ်အတုများလုပ်ပေးသည့်အဖွဲ့ ဖြစ်သည်။

(အင်န်အိတ်ခ်ျကေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment