ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်မှာ မိုးဆက်ရွာပြီး ရေကြီးနိုင်


 ဧရာဝတီ မြစ်ရေ တက်တာကြောင့် ရေကြီးနေတဲ့ ဝက်လွတ် ကျေးရွာကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ Photo: Nay Thwae/ RFA
 ဒီနေ့ကနေ နောက် ၃ ရက်အတွင်း မွန်ပြည်နယ်၊ ပဲခူးတိုင်း တောင်ပိုင်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးဆက် လက် ရွာနိုင်တဲ့အတွက် မြစ်ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးထားပါတယ်။

လက်ရှိဧရာဝတီမြစ်ရေကလည်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စိုးရိမ်ရေမှတ်ရောက်နေတာမို့ ရေတားတမံတွေကို အထူး ဂရုစိုက်ကြဖို့လိုတယ်လို့ ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

"လောလောဆယ်မိုးကောင်းနေတာ မွန်ပြည်နယ်ဖက်၊ သထုံဖက်၊ အဲ့ဒီဖက်ကို နည်းနည်းလေးကျနော် ဂရုစိုက် ကြည့်နေတာပေါ့၊ ကျန်တဲ့မြစ်ဝကျွန်းပေါ် မှာတော့ ရေကဆက်လက်ပြီးတက်နေတုန်းဘဲ၊ တာတွေ ကြံ့ကြံ့ခိုင်နိုင် ရင်တော့ အန္တရာယ်မရှိဘူးပေါ့၊ တာတွေဘာတွေကျိုးမယ်ဆိုရင်တော့ တော်တော် အန္တရာယ်ရှိပါတယ်၊ ရေကအခုချိန် ထိဝင်နေတုန်းဘဲ၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရေက တဖြည်းဖြည်း တက်နေမှာဆိုတော့ လယ်ကွင်းတွေကုန် မှာပေါ့ဗျာ၊ အဓိက ကတော့ တာပါဘဲ "

ဧရာဝတီမြစ်ရေဟာလည်း အထက်ပိုင်းကနေ စီးဆင်းလာပြီး မြစ်ဝကျွန်းပေါ်က ပုသိမ်၊ ဟင်္သာတ၊ ညောင်တုန်း၊ ဇလွန်နဲ့ မအူပင် စတဲ့ဒေသတွေမှာ စိုးရိမ်ရေ အမှတ် ကျော်လွန်နေပြီဖြစ်ပါတယ်။ ညောင်တုန်းမြို့ကိုလည်း လိမ္မော်ရောင်အဆင့် အရေးပေါ် အခြေအနေအဖြစ် မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ်အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာတွေဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေကြရပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီနဲ့ လက်ပံတန်း၊ ဧရာဝတီတိုင်း ဒေသကြီးက ညောင်တုန်းနဲ့ ဟင်္သာတမြို့နယ်တွေမှာ မြစ်နဲ့ချောင်းရေတွေ တက်လာ တာများတာကြောင့် မြို့နယ်တွေမှာ ရေဖုံးလွှမ်းတာတွေ သိသာလာနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment