လမ်းမတော်မြို့နယ်ရှိ Farmer Money Changer နိုင်ငံခြားငွေ လဲလှယ်သည့်ဆိုင်တွင် လုယက်မှုဖြစ်


ဓါတ်ပုံ -  Farmer Money Changer (fb)
ရန်ကုန်၊ သြဂုတ် ၅

၃.၈.၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊ (၉)ရပ်ကွက်၊ ပြည်လမ်းရှိ Farmer Money Changer ဆိုင်ရှေ့တွင် ၎င်းဆိုင်၏ ငွေသိမ်း တာဝန်ခံ ဖြစ်သူ ကိုအောင်ကျော်မိုးအား အမည် မသိ အမျိုးသား(၄)ဦးမှ ၀ိုင်းဝန်းရိုက်နှက်၍ ငွေကျပ်သိန်း(၃၅၀)ခန့်ပါ အထုပ်ကို လုယူကာ Alphard ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေး သွားကြသဖြင့် ကိုအောင်ကျော်မိုးတွင် ဦးခေါင်း၌ပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ကျူးလွန်သူများအား အရေးယူပေးပါရန် ဆိုင်တာဝန်ခံဖြစ်သူ ဦးဝဏ္ဏမှ တိုင်တန်းချက်အရ လမ်းမတော်မြို့မရဲစခန်း (ပ)၁၇၀/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment