လီဗာပူးလ် အသင်းသည် ရလဒ်များ ဆိုးရွားနေမှုကြောင့် လက်ရှိနည်းပြ ရော်ဂျားစ်ကို ထုတ်ပယ်ပြီး ချဲလ်ဆီးနှင့် ရီးရဲလ် နည်းပြဟောင်း အန်ဆလော့တီကို အစားထိုး ခန့်အပ်သွားဖွယ်ရှိကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အကောင်းဆုံး ပြင်ဆင်ထားသော်လည်း ရလဒ်များ ဆိုးရွားမှုကြောင့် အသင်းပိုင်ရှင်များ အနေဖြင့် စိတ်ပျက်လျက်ရှိပြီး အပြောင်းအလဲ ပြုလုပ်ရန် စိတ်အားထက်သန် နေကြသည်။ လီဗာပူးလ်အသင်းသည် မန်ယူ၊ ၀က်စ်ဟမ်း စသည့် အသင်းများကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ကစားခဲ့သော အိမ်ကွင်းပွဲစဉ်တွင်လည်း နောရစ်ခ်ျနှင့် ( ၁-၁) ဂိုး သရေကျခဲ့သည်။ ထို့ကြောင့် လီဗာပူးလ် အသင်းသည် အောင်မြင်မှု အများအပြား ရရှိထားသော အီတလီ လူမျိုး အန်ဆလော့တီကို နည်းပြသစ် ခန့်အပ်ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။ အန်ဆလော့တီသည် ပီအက်စ်ဂျီကို ကိုင်တွယ်ပြီးနောက် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ကာ စပိန်အခြေစိုက် အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိရန် စွမ်းဆောင်ပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့် ရာသီက အောင်မြင်မှုများရရှိအောင် မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်မှ ထုတ်ပယ်ခံရသည်။ ယခုအခါ အန်ဆလော့တီသည် နည်းပြလောကသို့ ပြန်လည် ၀င်ရောက်ခြင်း မရှိဘဲ အနားယူ နေကြောင်း သိရသည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment