နိုင်ငံတကာက ၀ရမ်းထုတ်ထားသူ ဖိလစ်ပိုင် ညီအစ်ကို ၂ ဦးကို ထိုင်းအစိုးရ ပြန်ပို့

21-sept-2015-mario-and-joel-reyes

ထိုင်းအစိုးရဟာ လူသတ်မှုအတွက် နိုင်ငံတကာ ရဲတွေကြား ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဖိလစ်ပိုင် နိုင်ငံရေးသမား ညီအစ်ကို ၂ ဦးကို စက်တင်ဘာ ၂၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။
ထိုင်းရဲတွေက ဖိလစ်ပိုင် ခရိုင်အုပ်ချုပ်ရေးမှူး မာရီယို ဂျိုး ရေးယဲ့စ်နဲ့ သူ့ညီ မာရီယို ဂျူနီယာတို့ကို ရေဒီယိုသတင်းထောက် ဂါရီ အော်တီဂါကို သတ်မှုနဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ဖမ်းခဲ့တာလို့ ပြောပါတယ်။
မာရီယိုကတော့ သူတို့ကို စွပ်စွဲမှုတွေ အဆုံးသတ်အောင် လုပ်နိုင်မယ်လို့ မှန်းဆမိတယ်၊ ရှေ့နေဆီက အကြံတောင်းမယ်လို့ ပြောပါတယ်။
ရေဒီယိုသတင်းထောက် အော်တီဂါဟာ ၂၀၁၁ ဇန်နဝါရီလက အသေပစ်သတ် ခံခဲ့ရတာပါ။
သူဟာ ဖိလစ်ပိုင်အနောက်ပိုင်း ပါလာဝမ်ကျွန်းပေါ်က သတ္တုတွင်းလုပ်ငန်း အကျိုးအမြတ်နဲ့ ပတ်သက်ပြီး လှုပ်ရှားခဲ့ဖူးပါတယ်။
သူ့ကိုပစ်သတ်ချိန်က အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးတဲ့ သေနတ်သမားကို ရဲတွေက ဖမ်းမိခဲ့ပြီး လူသတ်ရာမှာသုံးတဲ့ ပစ္စတိုကို ခြေရာခံလိုက်ရာကနေ မာရီယိုရဲ့ ရှေ့နေဆီ ရောက်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးဟာ သူ့ရဲ့ညီနဲ့အတူ ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့အပြီး သူတို့ရဲ့ နိုင်ငံကူး လက်မှတ်တွေလဲ ရုပ်သိမ်းခံခဲ့ရပါတယ်။
သူတို့ ၂ ဦးကို ဖူးခက်တောင်ပိုင်းက တိုက်ခန်းမှာ ဖမ်းမိခဲ့ပြီး တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်ရောက်မှုနဲ့ ပြည်ဝင်ခွင့် သက်တမ်းကျော်လွန် နေထိုင်မှုတွေနဲ့ တရားစွဲထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ အာဏာရှင် မားကို့စ်ကို ဖြုတ်ချအပြီး ဒီမိုကရေစီစနစ် ကျင့်သုံးချိန်ကနေ ခုထိ သတင်းထောက် အယောက် ၁၇၀ လောက် အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment