အမည်မသိကျည်ဆံပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

ဒဏ်ရာရရှိသွားသည့် ခူးဖရေးရယ်နှင့် မောင်ဖိလစ် နှစ်ဦး စလုံး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပြုလုပ်ပေးနေစဉ်။ ပုံ ဖြိုးဝေအောင်
 ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း သံချေးတက်နေသည့် ကျည်ဆံ မတော်တဆပေါက်ကွဲရာမှ ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားကာ လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ဆေးကုသနေရသည်ဟု သိရသည်။

၎င်းကလေးငယ် နှစ်ဦးသည် တရွာချင်းစီကဖြစ်နေကြပြီး တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ဦးမှာ လောဂျာကျေးရွာမှ ခူးဖရေးရယ် အသက် ၁၄ နှစ်ရှိသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဟိုယာကျေးရွာ အသက် ၁၄ နှစ်အရွယ် မောင်ဖိလစ်ဖြစ်သည်။

ခူးဖရးရယ်သည် မိခင်ဖြစ်သူနှင့်အတူ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၇ နာရီချိန်၌ အမှတ် ၁၄ စစ်ပစ်ကွင်းအနီး တွင်နွားကျောင်းထွက်သွားခဲ့ကြရာမှ ကျည်ဆံခွံဟု ထင်မှတ်ကာ ရိုက်ကစားခဲ့ရာမှ ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘယ်လက်ညိုးပြတ်သွားခဲ့ရခြင်းဖြစ်သည်ဟု ခူးဖရးရယ်က ပြောပါသည်။

ဒဏ်ရာရရှိသွားသည့် ခူးဖရေးရယ်နှင့် မောင်ဖိလစ် နှစ်ဦး စလုံး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ပြုလုပ် ပေးနေစဉ်။ ပုံ ဖြိုးဝေအောင်
ခူးဖရေးရယ်က “ကျနော်မနက် (၇)နာရီလောက်မှာ နွားကျောင်း ထွက်လာသော အဲ ဟာကို ကောက်တွေ့တယ်။ လက်ထဲမှာ ဆုပ်ရင်း တုတ်နဲ့ ရိုက်ကစားတော့ ပေါက်ကွဲသွားတယ်။” ဟု ပြောသည်။

မောင်ဖိလစ် မှာမူ တောထဲမှ နွားကျောင်းထွက်သော သူငယ်ချင်းတစ်ဦးမှ ယူဆောင်လာသော ကျည်ဆံဟု ယူဆရသည့် အရာဝတ္ထူကို ယူပြီး ကစားရာတွင် ပေါက်ကွဲခြင်းကြောင့် ဘယ်လက်မနှင့်လက်ညိုးပြတ်သွားသည်။

“ကျနော့် သူငယ်ချင်း တစ်ယောက်က စနေနေ့ကျောင်းပိတ်တော့ နွားသွားကျောင်းပြီး အဲဟာကို ကောက်လာတယ်။ ကျနော်လည်း ကိုင်ကြည့်ပြီး မီးခြစ်နဲ့ မီးညစ်ကြည့်တော့ ပေါက်ကွဲသွားတယ်။” ဟု မောင်ဖိလစ်ကပြောသည်။

၎င်းအရာဝတ္ထူသည် M-16 သေနတ်ကျည်ဆံ ပုံသဏ္ဍာန်ရှိပြီး အရှည် (၁)လက်မခန့်ရှိကာ ပေါက်ကွဲရာတွင်လည်း သေနတ်သံကဲ့သို့ အသံကျယ်ကြောင်း ဒေသခံများပြောဆိုချက်အသိရသည်။

မိုင်အန္တာရာယ်ပေးပညာပေး ဟောပြောပွဲများပြုလုပ်ကြသော်လည်း လက်တွေ့တွင် မိုင်းများရှိနေသည့်နေရာသို့ သွားလာကြသူများက များပြားနေဆဲဖြစ်သည်ဟု ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ဝင် ခူးသဲရယ်ကပြောသည်။

“ကျနော်တို့ ဖရူဆိုမြို့နယ်မှာ မိုင်းနဲ့ ပတ်သက်သော ပညာပေးဟောပြောပွဲကို တော်တော်များများ လိုက်ပေးပြီးနေပြီ။ အခုက ထိခိုက်ဒဏ်ရာက နည်းတယ်ဆိုပေမယ့် ကိုယ်လက်အဂါင်္ ပျက်စီးသွားတာပေါ့။” ဟု ခူးသဲရယ်က ပြောသည်။

ထိုနေရာများသည် ယခင် ငြိမ်းချမ်းရေးကာလမတိုင်ခင်တွင် မကြာခဏ စစ်ဖြစ်ပွားခဲ့သောနေရာများလည်းဖြစ်ကြောင်း သိရပါသည်

ပေါက်ကွဲစေခဲ့သည့်အရာသည် အချို့လည်း ကျောက်ဖောက်ရာ ကျောက်ခွဲရာတွင် သုံးသော ယမ်း ခွံ ဟုဆိုကြပြီး အချို့ကျတော့လည်း သေနတ်ကျည်ဆံတစ်မျိုး၊ ဗုံး တစ်မျိုး၊ .ယမ်း တစ်မျိုး စသဖြင့် အမည်သေချာမသိပဲ အမျိုးမျိုးပြောဆိုနေကြကြောင်း အသေးစိတ်ကို မသိရှိကြောင်း ခူးသဲရယ်က ပြောသည်။

လက်ရှိအခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသွားသည့် ခူးဖရေးရယ်နှင့် မောင်ဖိလစ် နှစ်ဦး စလုံး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပြုလုပ်ပေးနေသည်ဟု သိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment