မျက်နှာဖုံးစွပ်နှင့် အနုကြမ်းစီး သူများကို ဖမ်းမိ


 ရန်ကုန်၊ စက်တင်ဘာ ၃

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဗီယက်နမ်နိုင်ငံသား Mr.Doan Nguyen Vong မှ ၎င်းသည် ၅.၇.၂၀၁၅ ရက်နေ့ ၀၀၁၀ အချိန်ခန့်တွင် နေအိမ်တိုက်ခန်း၌ ရှိနေစဉ် တံခါးခေါက်သံကြားသဖြင့် ဖွင့်ပေးခဲ့ရာ မျက်နှာဖုံး စွပ်ထားသည့် အမျိုးသား (၃)ဦးမှ ၀င်ရောက်လာပြီး စာရေး ကိရိယာသုံး ဓါးနှင့် ကော်သေနတ်(၁)လက်တို့ကို ကိုင်ဆောင် ခြောက်လှန့်ကာ ၎င်းထံမှ အမေရိကန် ဒေါ်လာ(၁)သောင်း တောင်းသဖြင့် မြန်မာငွေ(၄)သိန်း သာရှိကြောင်း ပြောဆိုကာပေးခဲ့ရကြောင်း၊ ၎င်း၏လက်နှစ်ဘက်အား ပိုက်ချည်ကော်ကြိုးဖြင့် တုပ်ကာ ငွေများ လိုက်လံ ရှာဖွေပြီး အိတ်အတွင်းမှ အမေရိကန်ဒေါ်လာ(၄၀၀)ကိုလည်း ထပ်မံယူဆောင်သွားကြောင်း၊ ထိုစဉ် ၎င်းမှ ရုန်းကန်ပြီး ပုလင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် အမျိုးသားတစ်ဦးအား ထိမှန်ပြီး မျက်နှာဖုံးစွပ်မှာ ကျွတ်ကျသွားခဲ့ရာ ယခင်က ၎င်း၏ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ဖူးသူ အလုပ်သမား ကျော်ကျော်စိုး ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ၂.၉.၂၀၁၅ ရက်နေ့တွင်ကျော်ကျော်စိုးအား ပြန်လည် တွေ့ရှိ၍ အရေးယူပေးပါရန် ရန်ကင်းမြို့မရဲစခန်းသို့ တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း(ပ)၂၂၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၆/၃၄၇/၄၅၂/၁၁၄ဖြင့် အမှုဖွင့်အရေးယူကာ ယင်းသို့ ကျူးလွန်သူများဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ကျော်စိုးနှင့် ရန်ကင်း မြို့နယ်နေ ကျော်ဇောတို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတိုထံမှ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော ဓါး၊ ကော်သေနတ်၊ မျက်နှာဖုံးခေါင်းစွပ်(၂)ခုနှင့် ပိုက်ချည်ကော်ကြိုးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကာ ကျန်ပြစ်မှုကျူးလွန်သူ သန်းတင့်အောင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment