မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ၂ နှစ်ပေါင်း ကျင်းပမည်

Myanmar-Acade-2013-27122014


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို၂၀၁၄-၂၀၁၅ နှစ် အတွက် ၂ နှစ်စာ တခါတည်းပေါင်းပြီး ကျင်းပမှာဖြစ်ပါတယ်။
လာမယ့် ၂၀၁၆ ခုနှစ် မတ်လမှာပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် ၂ နှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုတွေကို ရွေးချယ်ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။
၂၀၁၆ မှာ ကျင်းပပြုလုပ်မယ့် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၂၀၁၄ ခုနှစ်အတွက် ထူးချွန်ဆု ၁၁ ဆုနဲ့ ၂၀၁၅ ခုနှစ်အတွက် ထူးချွန်ဆုက ၁၁ ဆုထဲက ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုရွေးချယ် အကဲဖြတ်ပေးမယ့် အကယ်ဒမီဘုတ်အဖွဲ့ကိုတော့ လောလောဆယ် မဖွဲ့စည်း ရသေးပါဘူး။
၂၀၁၄ ခုနှစ်အတွက် ရုံတင်ရုပ်ရှင်ဇာတ်ကား ၁၇ ကားနဲ့ ၂၀၁၅ ခုနှစ်အတွက် ရုံတင်ရုပ်ရှင် ဇာတ်ကား ၁၀ ကား ထဲက အကယ်ဒမီဆုတွေကို ရွေးချယ်အကဲဖြတ်ပေးသွားမှာပါ။
မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၁၉၅၂ ခုနှစ်ကနေစတင် ပေးအပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားတွေ ထူးချွန်ဆုရ အနုပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေအတွက် ထူးချွန်ဆု ၁၁ ဆု သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment