နိုင်ငံတကာ ကလေးအလှမယ်ပြိုင်ပွဲတွင် မြန်မာဆု ၉ ခု ဆွတ်ခူးရရှိ

မေနန္ဒာကျော်

စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ဆယ်ကျော်သက်နဲ့ ကလေး အလှမောင်မယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ပြိုင်ခဲ့ကြတဲ့ ကလေးငယ်တွေလည်း ဆု ၉ ဆု ဆွတ်ခူးရရှိ သွားပါတယ်။


ဇူလိုင် ၂၅ ရက် စနေနေ့ နောက်ဆုံးနေ့ပြိုင်ပွဲမှာ  အသက် ၁၃ နှစ်ကနေ ၁၉ နှစ်ကြားယှဉ်ပြိုင်တဲ့ ဆယ်ကျော်သက်မယ်ပြိုင်ပွဲမှာ Miss Teen International 2015 ဆုကို ထိုင်းအလှမယ်က ရရှိ သွားပြီး    Mister Teen International 2015  ဆုကိုတော့ အင်ဒိုနီးရှားနိုင်ငံက ရပါတယ်။
အသက် ၈ နှစ်က ၁၂ နှစ်ကြားယှဉ်ပြိုင်တဲ့  Li’l Miss International 2015  ဆုကိုလည်း  ထိုင်းအလှမယ်က ရရှိသွားပြီး  Li’l Mister International 2015  ဆုကိုလည်း အင်ဒိုနီးရှားက ရပါတယ်။
မြန်မာနိုင်ငံက ဇွဲသူရိန်ကတော့ အသက် ၄ နှစ်ကနေ ၇ နှစ်အကြားယှဉ်ြ့ပိုင်တဲ့  Jr. Mister Interantional 2015  ဆုကြီးတဆုရသွားပြီး  ဖိလစ်ပိုင်ကလေး အလှမယ်  အန်နာရို့စ်က Mini Miss Internationa 2015   ဆုရရှိပါတယ်။
အလားတူ Royalty Princess & Prince ပြိုင်ပွဲဆုရရှိသူ ၅ ဦးမှာတော့   မြန်မာက  မေနန္ဒာကျော် က Royality Teen Princess  သရဖူဆု တခုရပြီး  ဟိန်းမင်းသူကလည်း  Royality  Teen Prince ဆု ရရှိသွားပါတယ်။
နိုင်ငံတကာ PRINCE & PRINCESS 2015  ပြိုင်ပွဲကို စင်ကာပူနိုင်ငံ အော့ချတ်ဒ်လမ်းမှာရှိတဲ့ အော့ချတ်ဒ်ကမ်းထရီးကလပ်မှာ ဇူလိုင် ၂၄ ရက်ကနေ ၂၅ အထိကျင်းပရာမှာ အာဆီယံဒေသ တွင်းနိုင်ငံတွေသာမက သြစတေးလျနဲ့ နယူးဇီလန်က ဆယ်ကျော်သက်နဲ့ ကလေး အလှမောင်မယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
11811453_1678702069020360_3246852100648573057_n (1)
မြန်မာနိုင်ငံက အသက်အရွယ်မတူတဲ့ ကလေးအလှမယ်နဲ့ မောင် စုစုပေါင်း ခြောက်ဦး ပါဝင်ခဲ့ရာမှာ မစ္စမီနီမြန်မာအလှမယ်ဆုရ ချစ်ချစ်တုံက ပင်လယ်ကမ်းခြေစိတ်ကြိုက် ရေ ကူးဝတ်စုံဆုနဲ့   Best Dance  အကောင်းဆုံးအကကျွမ်းကျင်ဆု ပေါင်း ဆု ၂ ဆု ရရှိပါတယ်။
ဒ့ါပြင် ဒီပြိုင်ပွဲအတွင်း ညနေခင်းဝတ်စုံဆုကို  မေနန္ဒာကျော်၊   ညဝတ်အင်္ကျီပြိုင်ပွဲ ဆုကို လရောင်လင်း၊ Best Portfolio ဆုကို ရှင်းသန့်ဖြူစင်နဲ့   Best Self Introduction အကောင်းဆုံး မိတ်ဆက်ဆုကို   ဟိန်းမင်းသူ တို့က ရယူပေးနိုင်ခဲ့ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment