ရခိုင်ပြည်နယ်အတွင်း ခမီအမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေး ပါတီမှ မြို့နယ်(၄) ခုတွင် ဝင်ပြိုင်မည်


 ရခိုင်ပြည်နယ်တွင် ရခိုင်မျိုးနွယ်စုဝင် ခမီအမျိုးသား ဖွံ့ဖြိုတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ် (၄) မြို့နယ်တွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦလေသာကျော်က “ကျွန်တော်တို့ ခမီတိုင်းရင်းသာတွေဟာ ခေတ်နှစ်ပေါင်း မြောက်များစွာကနေ နေထိုင်လာပေမေ့လည်း ခြွတ်ခြုံကျနေတာပေါ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ခြွတ်ခြုံကျတဲ့ အတွက်မို့လို့ နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းပေါ်ကို ရောက်ပြီဆိုတော မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့တရားဝင်တင်ပြခွင့်ရအောင် ဆိုပြီးတော့ လွှတ်တော်ထဲမှာ ဝင်ရောက်နိုင်အောင် ကိုယ်တို့ရဲ့ အသဲကြားက မဲတစ်ပြားကို ပြည့်ပြည်ဝဝ ယုံယုံကြည်ကြည်နဲ့ မဲထည့်ကြပါလို့ပြောချင်ပါတယ် ” ဟု ပြောသည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း နှင့်ဘူးသီတောင်မြို့နယ်များတွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။

သန်းအောင် - News
Development Media Group
https://www.facebook.com/DevelopmentNJ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment