တိုင်းရင်းသားအရေး အပြည့်အ၀လုပ်နိုင်ရန် NLD ပါတီအနေဖြင့် ဗဟိုအစိုးရ ဖွဲ့နိုင်ရန်လိုဟု ဆို


 တိုင်းရင်းသားအရေး ပြည့်ပြည့်၀၀ လုပ်ဆောင်နိုင်ရန် ဗဟိုအစိုးရဖွဲ့နိုင် ဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကယားပြည် မဲဆွယ်စည်းရုံးရေးခရီးစဉ် တွင် ဒေသခံပြည်သူများသို့ မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ် သည်။

ဗဟိုအစိုးရဖွဲ့ပြီးတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ ကို ပြည့်ပြည့် ၀၀ ကျွန်မတို့ ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးချင် လို့ ဖြစ်ပါတယ်။ ဗဟိုအစိုးရသာ ဒါလုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဗဟိုမှာ ဒီမိုကရေစီ မရှိဘဲနဲ့ ပြည်နယ်တွေ၊ တိုင်းတွေမှာ ဒီမိုကရေစီရှိ နိုင်မှာ မဟုတ်ပါဘူး။ ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ဗဟိုအစိုးရ ထူထောင်နိုင်ရေးအတွက် လွတ်တော်နေရာ အများဆုံးရဖို့ လိုကြောင်း လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းသည် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၇၅ ရာခိုင်နှုန်း ကို မဲအပြတ်အသတ်နိုင်ဖို့လိုကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

“တခြားအဖွဲ့တွေ ပြည်သူလူထုကို အမျိုးမျိုးပေး မက်လုံးပေးပြီးတော့ စည်းရုံးကြတယ်တဲ့။ ဘယ်အဖွဲ့အစည်းပဲ ပေးပေး၊ ဘယ်သူပဲပေးပေး ဒီပြည်သူဆီက လာတဲ့ငွေနဲ့ပဲ ပေးနေတာပဲ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘယ်ပုဂ်္ဂိုလ်ဘဲဖြစ်ဖြစ် ဒီနိုင်ငံမှာ ချမ်းသာလာပြီဆိုရင် ဒီပြည်သူတွေ အပေါ်မှာ အခြေခံပြီးတော့ ချမ်းသာလာတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ချို့ ပါတီ အဖွဲ့အစည်းတွေဆိုလို့ရှိရင် ဒီနိုင်ငံရဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာတွေကြောင့်သာ တောင့်လာတာ ဖြစ်ပါတယ်။ ကျွန်မတို့လည်း မဆင်းရဲချင်ဘူး။ ပြည်သူလူထုကိုလည်း မဆင်းရဲစေချင်ဘူး။ ဒါကြောင့် ကျွန်မတို့ အတူတူလက်တွဲပြီးတော့ ဒီနိုင်ငံတိုးတက်ဖို့ဖွံ့ဖြိုးဖို့ကြိုးစား ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကယားပြည်နယ်ခရီးစဉ်ကို ၃ ရက် အကြာသွားရောက်ခဲ့ပြီး ခရီးစဉ်တွင်း မြို့နယ် ၇ မြို့သို့သွားရောက်ခဲ့သည်ဟု သိရသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment