
အောင်ဇံ
လန်ဒန် ၊ အောက်တိုဘာ ၁
စမတ်ဖြစ်ပြီး အောင်မြင်မှု မြင့်မားသူများ၏ ဦးနှောက်သည် သူတို့လောက် စမတ်မဖြစ်သူ၊ အောင်မြင်မှု မရှိသူများနှင့် ယှဉ်လျှင် ဖွဲ့စည်းပုံချင်း အနည်းငယ် ကွာခြားနေသည်ကို တွေ့ရကြောင်း သုတေသီများက ဆိုလိုက်သည်။
သိပ္ပံပညာရှင်များသည် လူပေါင်း (၄၆၁) ဦး၏ လူမှုဘ၀ အဆင့်အတန်း၊ ဥာဏ်အရည်အသွေးများကိုလည်း မှတ်တမ်းတင်သလို၊ ဦးနှောက် ဖွဲ့စည်းပုံများကိုလည်း အသေးစိတ် လေ့လာသည်။
ထိုအခါ စမတ်ဖြစ်ပြီး အောင်မြင်မှု မြင့်မားသူများ၏ ဦးနှောက် ဖွဲ့စည်းပုံသည် ဂန္ထ၀င် အောင်မြင်သူများ၏ ဂုဏ်ရည်များ ဖြစ်သော မှတ်ဥာဏ်ကောင်းခြင်း၊ စကားလုံးကြွယ်ခြင်း၊ ကိုယ့် ကိုယ်ကိုယ် ကျေနပ်နှစ်သက်ခြင်း၊ ပညာကောင်းကောင်း တတ်ခြင်းစသော အပိုင်းများတွင် ဖွဲ့စည်းပုံအား ကောင်းနေကြောင်း တွေ့ခဲ့ရသည်။
ချိန်ခွင် အစွန်း တစ်ဖက်တွင် ရှိသော စမတ်မဖြစ်ဆုံး၊ မအောင်မြင်ဆုံးသူများ၏ ဦးနှောက်ကား ဒေါသ၊ စည်းကမ်း မလိုက်နာမှု၊ မူးယစ် သေစာသုံးစွဲမှု၊ အိပ်ရေးမ၀မှု စသော အပိုင်းများတွင် အားကောင်းနေသည်ကို တွေ့ခဲ့ရသည်။
ဦးနှောက် ဖွဲ့စည်းပုံများကို အသေးစိတ် လေ့လာခြင်းဖြင့် လူတစ်ယောက်သည် လက်ရှိတွင် မည်မျှအောင်မြင်နေသည်ကို ပြောနိုင်သလို၊ အနာဂတ်တွင်လည်း မည်မျှ ဆက် အောင်မြင်နိုင်သည်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်အောင် သုတေသီများက ဆိုလိုက်သည်။
လေ့လာမှု စစ်တမ်းကို လန်ဒန် ကောလိပ် တက္ကသိုလ်မှ နာ့ဗ်ကြော သုတေသီ ပါမောက္ခ စမစ်နှင့်အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ တွေ့ရှိချက်များကို Nature Neuroscience ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: The Independent
The Messenger
0 comments:
Post a Comment