
ချစ်သူအမျိုးသမီးကို စိတ်ဆိုးပြီးနောက် ထိုအမျိုးသမီးနှင့်ဆိုင်သည့် ပစ္စည်းများ၊ ကားများကို ဖျက်ဆီး ထုရိုက်ခဲ့သည့် အင်္ဂလန်နိုင်ငံသား တစ်ဦးမှာ တန်ဖိုးငွေ ပေါင်နှစ်သောင်းခန့်ကို ဖျက်ဆီးခဲ့မှုဖြင့် ရဲ၏ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
အသက်(၃၃)နှစ်အရွယ် ပီတာအော်စတင်ဆိုသူ ထိုလူမှာ ကယ်ရီစတိုလာရီဆိုသည့် ကလေးနှစ်ဦး ရှိသည့် အမျိုးသမီးနှင့် လမ်းခွဲခဲ့ပြီးနောက် စိတ်ဆိုးပြီးနောက် ချစ်သူဟောင်းကို မနာလိုဖြစ်ပြီး ချစ်သူဟောင်း ပိုင်ဆိုင်သော ကားများ၊ ၎င်း၏ သူငယ်ချင်းများ၏ ကားများ စုစုပေါင်း ပေါင်နှစ်သောင်းဖိုးခန့်ကို ပျက်စီးစေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ချစ်သူဟောင်း တိုလာရီထံ လာခဲ့ပြီးနောက် တံခါးမဖွင့်ပေး၍ ဒေါသထွက်ကာ ၎င်း၏ကားကို ဖျက်ဆီးခဲ့ပြီး နေအိမ်ပြတင်းပေါက် နှစ်ခုကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့နောက် အခြားမိတ်ဆွေ နှစ်ဦးပိုင်သော ကားနှစ်စီးကိုလည်း အော်စတင်က မီးရှို့ဖျက်ဆီးခဲ့ရာ စတိုလာရီက ရဲခေါ်ပြီး ထိန်းသိမ်းစေခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းကိုရဲက ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။
Source:Mirror
The Messenger
The Messenger
0 comments:
Post a Comment