ထိုင်းနိုင်ငံ ဖူးခက်မှာ လုံခြုံရေးအစောင့်တွေက နိုင်ငံခြားသားတွေကို ရိုက်နှက်နေတဲ့ ရုပ်သံ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
၄၈ စက္ကန့်ကြာတဲ့ ဒီရုပ်သံဖိုင်ကို လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ ၀ီချန်ဂျူဂန်က တင်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ အောက်တိုဘာ ၇ ရက်နေ့က ညကလပ်မှာ ဖြစ်ပွားခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ အနက်ရောင်ဝတ်စုံ ၀တ်ထားတဲ့ လူတွေက နိုင်ငံခြားသား ၂ ဦးကို ထိုးနှက် ကန်ကျောက်ခဲ့ပါတယ်။
နိုင်ငံခြားသားတွေက ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိသလို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနောက် ၂ ဘက် လမ်းခွဲသွားပါတယ်။
ဘာကြောင့် ဒီလို တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ဗွီဒီယို ရုပ်သံတင်တဲ့သူက ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဒီရုပ်သံဖိုင် ပျံ့နှံ့သွားပြီးတဲ့နောက် လုံခြုံရေးတွေကို အကြမ်းဖက်တဲ့အကြောင်းနဲ့ ဒီအကြမ်းဖက်မှုဟာ ထိုင်းရဲ့ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်တယ်လို့ ထိုင်းနိုင်ငံသားတွေက ဝေဖန်ကြပါတယ်။
တနာရီအကြာမှာတော့ ဒီရုပ်သံဖိုင်ကို တင်တဲ့သူအနေနဲ့ ပြန်လည်ဖြုတ်ချပေးဖို့ ခြိမ်းခြောက်တဲ့ စာသားကိုလည်း သူ့ရဲ့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် ရဲတွေကတော့ တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ရုပ်သံ – ဘန်ကောက်ပို့စ်
DVB Burmese
0 comments:
Post a Comment