ဦးအောင်မင်း လိုဂိုစတစ်ကာအချို့ နိုဝင်ဘာလ ၇ ရက်နေ့မနက် ၆ နာရီထိရှိနေသေး



 ရှားတော မဲဆန္ဒနယ်အတွင်းတွင် ယနေ့မနက် ၆ နာရီအထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဂျိုးဖြူငှက် အမှတ်တံဆိပ်များ တစ်ချို့ကို ဒေသခံအိမ်များရှေ့တွင် တွေ့နေရသေးသည်ဟု ကန္တာရဝတိုင်း(မ်)သတင်းထောက်မှ ပြောပါသည်။

၎င်းက “အလယ်ပိုင်းမဲရုံနဲ့လည်နီးတယ်။ တောင်ပိုင်းမဲရုံနဲ့လည်းနီးတယ်။ ဦးအောင်မငိး အိမ်နဲ့တော့ မတွက်တတ်ဘူး။ ကိုက်၅၀၀ တော့မကြော်ဘူး။” ဟု ပြောသည်။

ဦးအောင်မင်း၏ လိုဂိုတံဆိပ် နှင့် အမျိုးသားတိုးတက်ရေးပါတီ၏ အလံကိုလည်း ယနေ့မနက်အချိန်ထိ တွေ့ရသေးသည်ဟု သိရသည်။

နိုင်ငံရေးပါတီကြော်ငာဆိုင်းဘုတ်များ ၊ ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာ အမှတ်တံဆိပ်များကို နိုဝင်ဘာလ ၆ နေ့ည ၁၂ နာရီတွင်နောက်ဆုံးထား ကပ်ရမည်ဖြစ်သည့်အတွက် ယခုလိုတွေ့မြင်နေရခြင်း သည် ဥပဒေကို ချိုးဖောက်သည့်အတွက် မြို့နယ်စည်ပင်မှ တရားစွဲရမည်ဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

၎င်းက “စည်ပင်အက်ဥပဒေနဲ့တရားစွဲခွင့်ရှိတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ရွေးကောက်ပွဲ ဥပဒေထဲမှာ လဲပါတယ်။ သူ့ရုံးမဟုတ်ဘူးဆိုရင်ပေါ့။” ဟု ပြောသည်။

ရှားတောမြို့နယ် ကော်မရှင်ကတော့ တာဝန်ရှိသူတစ်ဦးကတော့ “ ကပ်ထားတာတွေ မရှိဘူးပါဘူး ။ဒါကြောင့် ပိုစတာမရှိတဲ့အတွက် ဘယ်ပုဒ်မနဲ့အရေးယူမလဲဆိုတာ မပြောနိုင်ပါဘူး။ ကော်လဟာလတွေဖြစ်မှာပါ။” ဟု ပြောသည်။

"ရပ်ထားတဲ့ကား မှာလည်းမခွာသေးသလို သူစီးတဲ့ကားလည်း မခွားသေးဘဲနဲ့မနင်အစေားကြီး ဘုရားသွားတယ် ကိုးမြို့ရှင် နက်စက်တွေသွားကန်တော့တယ်။" ဟု ရှားတောမြို့မှ မျက်မြင်တစ်ဦးက ပြောပါသည်။

အဘယ်ကြောင့်ဆိုသော် Silent Day ဟု တင်စားခေါ်ဆိုသည့် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၄ နာရီအလို တွင် မည်သည့်ပါတီဝင်များမှ မဲဆွယ်စည်းရုံးခြင်း မပြုရပဲ ပြည်သူများအနေနှင့် မည်သူကို မဲပေးရမည်ကို အချိန်ယူစဉ်းစားရန် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၆ နာရီအချိန်တွင် ရှားတောမြို့ပေါ်ရှိ ဒေသခံများ အိမ်ရှေ့တွင် တွေ့ရသည့် ဦးအောင်မင်း တံဆိပ်များနှင့် အမျိုးသားတိုးတက်ရေးပါတီ အလံဖြစ်သည်။ ဓါတ်ပုံ - ဆန်းဖြိုးထွန်း

 ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment