
ဒစ္စနေကစားကွင်းနှင့် အပန်းဖြေ ဥယျာဉ်များသို့ လူဝင်များလာမှု၊ ဒစ္စနေ ရုပ်သံလိုင်းများမှ ၀င်ငွေတိုးလာမှုတို့ကြောင့် ယခုနှစ် တတိယသုံးလပတ်တွင် ဒစ္စနေအမြတ်ငွေ တိုးတက်လာခဲ့ကြောင်း သိရသည်။
ယခုနှစ် တတိယ သုံးလပတ်တွင် ဒစ္စနေသည် အမြတ်ငွေ ဒေါ်လာသန်း (၁၆၀၀) ရရှိခဲ့သည်။ ရှေ့နှစ် တတိယ သုံးလပတ်တုန်းက ဒေါ်လာသန်း(၁၅၀၀) ရရှိခဲ့ရာမှ တက်လာခြင်း ဖြစ်သည်။ ဒစ္စနေ ရုပ်သံလိုင်းများသည်လည်း ၀င်ငွေ (၁၂) ရာခိုင်နှုန်း တိုးတက်ရရှိခဲ့သည်။ အွန်လိုင်း တီဗီဝန်ဆောင်မှုများ တိုးပွားလာသဖြင့် သမားရိုးကျ ရုပ်သံလိုင်းများ ကျဆင်းနေချိန်တွင် ဒစ္စနေ ရုပ်သံလိုင်းမူကား ၀င်ငွေ ဒေါ်လာ(၃၈၁)သန်းတိုးလာကာ စုစုပေါင်း ဒေါ်လာသန်း (၁၇၀၀) ထိ ရရှိခဲ့သည်။ ဒစ္စနေကစားကွင်းနှင့် အပန်းဖြေဥယျာဉ် လုပ်ငန်းမှလည်း စုစုပေါင်းဝင်ငွေ ဒေါ်လာသန်း (၄၄၀၀) ထိ ရရှိခဲ့သည်။ အထူးသဖြင့် အမေရိကန်ရှိ ဒစ္စနေကစားကွင်းများနှင့် ပါရီရှိ ဒစ္စနေကစားကွင်းတို့သည် လူဝင်အများဆုံး ဖြစ်ကြောင်းသိရသည်။
ဒစ္စနေ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းသည်လည်း ၀င်ငွေ ဒေါ်လာသန်း(၁၈၀၀) ထိ ရရှိခဲ့သည်။
Source: BBC
The Messenger
0 comments:
Post a Comment