နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရန် စင်ကာာပူနိုင်ငံမှ
မြန်မာနိုင်ငံသား ၁၅၈ ဦး ညနေ့ ၃ နာရီကျော်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိပြီး သံရုံးတွင် ကြိုတင်မဲမပေးဘဲ
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်နေ့တွင် တိုက်ရိုက်မဲပေးလိုသူများ စုပေါင်းကာ fly to
vote အစီအစဉ်ဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လာသူများထဲမှ ကိုစည်သူက "ကျွန်တော် ဟိုမှာ မဲအကြိမ်ကြိမ် သွားလျှောက်
တယ်။ ရန်ကုန်က မဲစာရင်းမှာမပါလို့ မရဘူးဆိုပြီး ကြိုတင်မဲပေးလို့ မရခဲ့ဘူး။
အိမ်ကနေ မဲစာရင်းအမည်ပြင်တာ၊ နာမည်ထည်ပေးတာ အခုသက်သေခံ ကတ်ပြား
ရပြီ။ နိုဝင်ဘာ ၈ ရက်နေ့ ဒဂုံမြောက်က ကျွန်တော်အိမ်နားက မဲရုံမှာ မဲပေးမှာဖြစ်
တယ်"ဟု ပြောသည်။
စင်ကာပူတွင် ကြိုတင်မဲပေးရာတွင် မဲသမာမှုများ ဖြစ်ပေါ်မည် စိုးရိမ်သည့်အတွက်
မဲပေးသူများအား စင်ကာပူရှိ လူငယ်များက စစ်တမ်းကောက်ယူရာ ရာခိုင်နှုန်း
၉၀ ကျော်ခန့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား မဲပေးထားခြင်းများရှိကြောင်း
ပြောပြချက်အရ သိရသည်။
စင်ကာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတွင် မြန်မာနိုင်ငံသား တစ်သောင်းကျော်ခန့် သည်
ကြိုတင်မဲပေးထားပြီး မြန်မာနိုင်ငံတွင် ပြန်ပြီး မဲပေးရန် fly to vote အစီအစဉ်ဖြင့်
မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် မဲပေးရန် ပြန်လာခြင်းများလည်း ရှိကြောင်း သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment