အထက်တန်းကျောင်းသား (၁၁) ဦးကို လူသတ်မှုနဲ့စစ်ဆေးနေ


ရန်ကုန် အထက်တန်းကျောင်း နှစ်ကျောင်းက ကျောင်းသားတွေ တစ်ဖက်နဲ့တစ်ဖက် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ရာ ကျောင်းသားတစ်ဦး သေဆုံးသွားလို့ လက်ရှိမှာ ကျောင်းသား ၁၁ ဦးကို လူသတ်မှုနဲ့  စစ်ဆေးနေတယ်လို့ ကမာရွတ်မြို့နယ် ရဲစခန်းမှူးက အတည်ပြုပြော ကြားပါတယ်။ ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် အ.ထ.က (၃) ကိုးတန်းကျောင်းသား (၆) ဦးနဲ့ အ.ထ.က (၅) က ကိုးတန်းကျောင်းသား (၇)ဦးအပါအ၀င် ဆယ်တန်းအပြင်ဖြေ ၂ဦးနဲ့ အပြင်လူ (၂) ဦး စုစုပေါင်း (၁၁) ဦး တို့ ဇန်န၀ါရီ (၂၄) ရက် ညနေပိုင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းမှာပါရှိပါတယ်။

အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုဟာ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောခုံးကျော် တံတားအောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုခိုက်ရန်ဖြစ်ပွားရာမှာ ကျောင်းသားနှစ်ဦး ဦးခေါင်းဒဏ်ရာတွေ ရရှိခဲ့ပြီး အ.ထ.က (၃) က ကိုးတန်းကျောင်းသားတစ်ဦးဟာ နောက်နေ့ မွန်းလွဲပိုင်းလောက်အရောက်မှာ ရန်ကုန်ဆေးရုံ ကြီးမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အ.ထ.(၃) ကျောင်းသားတစ်ဦး သေဆုံးမှုနဲ့ မိဘများက တိုင်ကြား တဲ့အတွက် အ.ထ.က(၅) က ကျောင်းသား (၁၁) ဦးကို လူသတ်မှု ပုဒ်မ (၃၀၂) နဲ့ ပြောင်းလဲစစ်ဆေး နေတယ်လို့ စခန်းမှူးက ပြောပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ ဒီကျောင်းသားတွေဟာ အရင်ကရန်ငြိုးရန်စရှိခဲ့တယ်လို့ ရဲအရာရှိက ပြောဆိုထားပါတယ်။ ခိုက်ရန်ဖြစ်ပွားပြီးစမှာဘဲ နာကျင်စေမှုများ ပြုခဲ့တဲ့အတွက် ပြစ်မှုပုဒ်မ (၃၂၅) နဲ့ နှစ်ဖက် ကျောင်းသားမိဘတွေက အပြန်အလှန် တိုင်တန်းခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ဒါပေမဲ့ အ.ထ.က (၃) ဘက်က မိဘတွေကတော့ သေဆုံးသွားတဲ့ ကျောင်းသားအတွက် ပုဒ်မ (၃၀၂) နဲ့ ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။ အ.ထ.က (၅) ကျောင်းသား (၁၁) ဦးထဲက တစ်ဦးဟာလည်း ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ဆေးရုံမှာ ဆေးကုသခံနေရာကနေ ဒဏ်ရာသက်သာလို့ ဆေးရုံက ဆင်းလာခဲ့တယ်ဆိုပေမယ့် ဒီကနေ့ နံနက်မှာတော့ ဒဏ်ရာမသက်သာတဲ့အတွက် ဆေးရုံပြန်လည်တက်ရောက် နေရတယ် လို့လည်း ကမာရွတ်စခန်းမှူးက ပြောဆိုထားပါတယ်။

For Info News
https://www.facebook.com/forinfo/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment