ဘုန်းကြီးကျောင်းဝင်းအတွင်း အမည်မသိလူသေအလောင်းတွေ့ရှိ


ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်း ဝင်းအတွင်းမှ အမည်မသိ အမျိုး သားအလောင်းတစ်လောင်းကို ယခုလ ၂၅ ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း ပခုက္ကူမြိ့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ယခုလ၂၅ရက် ညနေ ၆ နာရီ မိနစ်၎ဝ က ပခုက္ကူမြို့ (၁)ရပ် ကွက်မဟာဝိဇယရာမတိုက်ကျောင်း ဝင်းအတွင်း မြောက်ဘက် အုတ်တံ တိုင်းအနီး၌ အမည်မသိအမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်း အရ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဌေးကျော်ကျော်က သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း မြောက်ဘက် အုတ်တံတိုင်းအနီး၌ အမည်မသိ (စုံစမ်းဆဲ) အမျိုးသား တစ်ဦးသည် အနောက်ဘက်သို့ ဦးခေါင်းပြုလျက် ပက်လက်အနေ အထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိ ရဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ် ဆေးချက်အရ သိရသည်။

 ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူ မြို့နယ်မြို့မရဲစခန်းမှသေမှုသေခင်း အမှတ်စဉ် ၂/၂ဝ၁၆ ဖြင့် အမှုဖွင့် ထားသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment