ဟင်္သာတမြို့၌ ဓားထိုးမှုဖြစ်ပွား၊ ပြစ်မှုကျူးလွန်သူက လာရောက်အဖမ်းခံ


ပုသိမ် ဇန်နဝါရီ ၂၇

ဟင်္သာတမြို့ မြို့လယ်ဥယျာဉ် တောင် (၃) ရပ်ကွက် ဘုရားကြီးလမ်း ၌ရှိသော CRAZY (1) လက်ဖက်ရည် ဆိုင်တွင် ဓားဖြင့်ထိုးသည့်လူသတ် မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် သက်သေခံဓားနှင့်အတူ ရဲစခန်းသို့ ကိုယ်တိုင်လာရောက်၍ အဖမ်းခံဖြောင့်ချက်ပေးကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲက ဟင်္သာတမြို့ ကနောင်စုရပ်ကွက် ပြည်တော် သာလမ်းနေ သိန်းလှိုင်ဦး(ခ) ကျော်သူရ (၃၅ နှစ်)သည် ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲက ဟင်္သာတ မြို့မရဲစခန်းသို့ လူသတ်မှုကျူးလွန် ခဲ့သည့် ဓားတစ်ချောင်းကို စခန်းမှူး ဒုရဲမှူး မောင်မောင်အေးထံ အပ်နှံပြီး ကိုယ် တိုင်ဖြောင့်ချက်ပေး ထွက်ဆို သည်မှာ ၄င်းသည် ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲခန့်က ဥယျာဉ်တောင် ရပ်ကွက် မြို့သူကြီးဘုရားလမ်း၌ ရှိသော CRAZY (1) လက်ဖက်ရည် ဆိုင်၌ ယခင်က ရန်ငြိုးရှိထားသော မယားညီအစ်ကိုတော်စပ်သူ လှမျိုး မောင် (၄၄ နှစ်) ဟင်္သာတမြို့သူကြီး ဘုရားလမ်း ဥယျာဉ်တောင်ရပ်ကွက် နေသူအား တွေ့ရှိရသဖြင့် ယခုလာ ရောက်အပ်နှံသော သက်သေခံဓား ဖြင့် ထိုးသတ်ခဲ့ပါကြောင်း ဖြောင့်ချက် ပေး ထွက်ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲ စခန်းမှူး ဒုရဲမှူးမောင်မောင်အေး နှင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ် ပွားရာသို့ အသိသက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ လှမျိုးမောင်မှာ ဒဏ်ရာများရရှိပြီး သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့် ရဲဆေးစာနှင့် ဟင်္သာတ ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သေဆုံး သူအားပို့အပ်ပြီး အမှုစစ်အရာရှိ ဒုရဲမှူးမောင်မောင်အေး၏ တိုင် တန်းချက်အရ ဟင်္သာတမြို့မရဲ စခန်းက အမှုဖွင့်၍ ပြစ်မှုကျူးလွန် သူ သိန်းလှိုင်ဦး(ခ) ကျော်သူရအား ဖမ်းဆီးအရေးယူထားကြောင်း သိရ သည်။

 ပုသိမ်-လှကြည်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment