ကုန်သေတ္တာတင်ယာဉ်တိုက်မိ၍ ကမ်းနားလမ်းသစ် မြေထိန်းအုတ်နံရံ ၊အကာအရံများပျက်စီး


ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်မြို့ရွှေတောင်တန်းလမ်း ကမ်းနားဘက်ခြမ်းထိပ်အနီး ကမ်း နားလမ်းမသစ်ပေါ်တွင် ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခန့်က ကုန် သေတ္တာတင်ယာဉ်ကြီး တစ်စီးတိုက်မှု ကြောင့် အကာအရံ သံတန်းများ၊ ဓာတ်မီးတိုင်၊ မြေထိန်းအုတ်နံရံများ ပျက်စီးခဲ့သည်။

ဆူးလေဘက်မှ အလုံ-ကြည့်မြင် တိုင်ဘက်သို့ မောင်းနှင်လာသော ပေ ၄ဝ ကုန်သေတ္တာတင်လာသည့် နောက်တွဲယာဉ်ကြီး တစ်စီးသည် ယင်းနေရာအရောက် ခေါင်းတွဲမှာ လမ်းဘေးသို့ ထိုးကျသွားသည်။ လမ်းဘေးတွင် အကာအရံသံတန်း နှစ်တန်းရှိသဖြင့် ကမ်းနားလမ်း ဟောင်းပေါ်တို့ ပြုတ်ကျသွားခြင်း မရှိပေ။ သို့သော်အကာအရံသံတန်း၊ ဓာတ်မီးတိုင်၊ ပေ ၁ဝဝ ဝန်းကျင်ရှိ မြေထိန်း အုတ်နံရံများ ပြိုကျပျက်စီး သွားသည်။ လူနှင့်လမ်းဘေးရပ် ယာဉ်ငယ်များ ထိခိုက်ပျက်စီးမှုမရှိ ဘဲ ည ၆ နာရီဝန်းကျင်တွင် အဆိုပါ ယာဉ်ကို ကရိန်းကားဖြင့် ဖယ်ရှား ဆွဲယူသွားသည်ကို မြင်တွေ့ရသည်။

မြစ်ရေကြီးရေလျှံမှုကြောင့် နှစ် နေရာ၊ ကုန်သေတ္တတင်ယာဉ်နှင့် ဘိလပ်မြေဖျော်စက်ပါ ယာဉ်ကြီး များ အရှိန်လွန်ကျမှုသုံးကြိမ်ကြောင့် သုံးနေရာ စုစုပေါင်း ငါးနေရာ ကမ်းနားလမ်းမသစ်ကြီး၏ ၁၉ လမ်း ထိပ်ကမ်းနားဘက်ခြမ်းနှင့် ၇ လမ်း ထိပ် ကမ်းနားဘက်ခြမ်းအကြား တွင် မြေထိန်းအုတ်နံရံ၊ သံအကာအရံ တန်းများ ပျက်စီးပြိုကျမှုရှိပြီး ကမ်း နားလမ်းဟောင်းဘေး ရပ်ထားသော ယာဉ်ကြီး ယာဉ်ငယ် ၁ဝ စီးဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ ငါးလတာကာလ အတွင်းကြုံတွေ့ခဲ့ရသည်။

ကမ်းနားလမ်းမသစ်၏ ကမ်းနား ဘက်ခြမ်းအုတ်နံရံဘေးအနီးတစ် လျှောက် ယခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှစ၍ လျှပ်စစ်ရထား စတင်၍ နေ့တိုင်း ပြေးဆွဲနေသည်။ သို့ဖြစ်ရာ ကမ်းနားကွန်ကရစ်လမ်းမသစ်ပေါ် မောင်းနှင်နေသော ကုန်တင်ယာဉ် အကြီးစားများ စည်းကမ်းတကျ ပြေး ဆွဲလာရေး ထိန်းသိမ်းဆောင်ရွက်မှု အလေးထားလုပ်ဆောင်မှသာလျှပ်စစ် ရထားပြေးဆွဲရာတွင် လုံခြုံစိတ်ချ မှုရှိနိုင်သည်ဟု လမ်းမတော် မြို့နယ် နေသူတစ်ဦးကဆိုသည်။

ခင်ဆိုင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment