ြ မန်မာ အစိုးရသစ်ကို ကူညီမယ်လို့ ဂျပန်ဆို

 ဂျပန်နိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီး ​Fumio ​Kishida ​က ​NLD ​ဦးဆောင်တဲ့ ​အစိုးရသစ်ကို ​ထောက်ခံ ​ကူညီသွားမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ဂျပန်အနေနဲ့ ​ဖွံ့ဖြိုးရေး ​လုပ်ငန်းမှာ ​ကူညီမှာ ​ဖြစ်သလို ​ပုဂ္ဂလိကဆိုင်ရာ ​ရင်းနှီးမြုပ်နှံရေးတွေမှာ ​အရှိန်မြင့် ​ကူညီဆောင်ရွက်သွားမယ်လို့ ​ပြောခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida (Credit: ABC) 
အခုလောလောဆယ် ​NLD ​ပါတီရဲ့ ​စီးပွားရေး ​ပေါ်လစီမှာ ​အဓိက ​တာဝန်ယူတဲ့ ​ဦးမျိုးမြင့်ဦးဆောင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​မနေ့တုန်းက ​တွေ့ဆုံမှုအတွင်း ​ဂျပန်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

NLD ​အစိုးရ ​လက်ထက်အတွင်း ​ငြိမ်းချမ်းရေးနဲ့ ​ဖွံ့ဖြိုးရေးက ​အရေးကြီးတဲ့ ​အချက်တွေ ​ဖြစ်ပြီး ​NLD ​စီးပွားရေး ​ကော်မတီနဲ့ ​ဂျပန်က ​နီးနီးကပ်ကပ် ​အလုပ်လုပ်သွားမယ်လို့ ​ဆိုပါတယ်။

ဦးမျိုးမြင့်ကလည်း ​မြန်မာအနေနဲ့ ​စိန်ခေါ်စရာတွေ ​အများကြီး ​ကြုံတွေ့ရတဲ့ ​ကာလဖြစ်တာကြောင့် ​ဂျပန်ဘက်က ​ကူညီမယ်ဆိုတာကို ​သိရတာ ​အားရတဲ့အကြောင်း ​ဂျပန်နဲ့ ​ဆက်ဆံရေး ​ပိုမိုတိုးတက်တာကို ​လိုလားပြီး ​မီဒီယာကနေတဆင့် ​ပွင့်လင်းတဲ့ ​ဆက်ဆံတွေ့ဆုံမှုမျိုးကို ​လိုလားတယ်လို့ ​ပြောသွားခဲ့ပါတယ်။

NLD ​ကိုယ်စားလှယ် ​အဖွဲ့ဟာ ​စနေနေ့အထိ ​ဂျပန်နိုင်ငံကို ​လည်ပတ်မှာ ​ဖြစ်ပြီး ​ဂျပန် ​ဘဏ္ဍာရေး ​ဝန်ကြီးနဲ့ ​တခြား ​ငွေရေးကြေးရေး ​အဖွဲ့အစည်းက ​ထိပ်တန်း ​အရာရှိတွေအပြင် ​ကူညီထောက်ပံ့ရေး ​အဖွဲ့တွေနဲ့လည်း ​တွေ့ဆုံခဲ့ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment