ဘားအံတွင် စိတ်ကြွဆေးပြားများနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ


ဘားအံ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု သာမညကျေးရွာ လွမ်းမြတောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၂၅ ရက် နံနက်က ဝင်ရောက်ရှာဖွေဖမ်းဆီးရာ လက်ပစ်ဗုံးတစ်လုံးနှင့် မူးယစ်ဆေးဝါးများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၅နာရီ ၄၅မိနစ်ခန့်က အဆိုပါနေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ မြင့်ဦးမှာ တိမ်းရှောင်သွားခဲ့ပြီး ဘားအံမြို့ လွမ်းမြတောင်ရပ်ကွက်နေ မင်းမင်းထက်၊ အမှတ်(၅)ရပ်ကွက်နေ လွင်နိုင်ဦး(ခ)ရန်နိုင်၊ ဘားအံမြို့ သာမညကျေးရွာနေသူများဖြစ်သည့် ခွန်ဆန်းမြင့်အောင်၊ စောအဲခေါင်(ခ)အဲခေါင်၊ ကျော်ရဲအောင် (ခ)ကျော်ရဲတို့ ငါးဦးအား တွေ့ရှိခဲ့သည်။

ထပ်မံရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ဝ နှင့် မူးယစ်ဆေးသုံးစွဲရာတွင်သုံးသည့် ဆက်စပ်ပစ္စည်းများ၊ ၁ဝဝဝ ကျပ်တန်ငွေစက္ကူ ၁၄ ရွက်၊ စောအဲခေါင်စီးလာသည့် Dream ဆိုင်ကယ်တစ်စီး၊ မြင့်ဦးနေအိမ်ရှေ့တွင်ရပ်ထားသော 5D/----- CLIMBER 4WD မော်တော်ယာဉ်တစ်စီး၊ ယင်းယာဉ်ရှေ့ခန်းမှ ဖျူးတပ်ဆင်ထားသော (၉၁)လက်ပစ်ဗုံး တစ်လုံး၊ လွင်နိုင်ဦး စီးလာသည့်လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးတို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အား အိန္ဒုနယ်မြေရဲစခန်းက အရေးယူထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment