အဝီစိစက်ရေတွင်းတူးရာမှ စက်ဆရာတဦးသေဆုံး


၂၅.၁.၂၀၁၆ရက် ညနေ ၅း၀၀နာရီ အချိန်ခန့်က ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာ ရဲစခန်း အပိုင် နယ်မြေအတွင်းရှိ မော်မာအုပ်စု မော်မာကျေးရွာနေ ဦးပုည(ဘ)ဦးစံထွန်းပိုင် နေအိမ်ဝင်းအတွင်း အဝီစိစက်ရေတွင်းတူးရာမှ စက်ဆရာဖြစ်သူ ကျောက်မဲမြို့(၂)ရပ်ကွက် နမ့်တုံနေ အသက်(၃၁) နှစ်ရှိ (ဘ)ဦးကောင်း၏သားဖြစ်သူ မောင်ချစ်ကိုကိုဆိုသူမှာ ပင်နီယံနှစ်ချောင်းနှင့် မြေစာဖောက် ၂လက်မရေပိုက် အထိန်းကြား စက်လည်ပတ်နေစဉ် ညှပ်ပါ၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် နယ်မြေ (၆)နေ(ဘ)ဦးခမ်း၏သားဖြစ်သူ မောင်ကျော်လူနှင့် (ဘ)ဦးလှ၏ သားမောင်စံညွန့် မိုင်းရယ်မြို့နေသူတို့နှင့်အတူ စက်ရေတွင်းတူးနေစဉ် မောင်ချစ်ကိုကိုမှ စက်ခုံအောက်ရှိ
မြေစာနှိုက်ယူရာ ၎င်းဝတ်ထားသော အနွေးထည်ခေါင်းစွတ်အား ၂လက်မရေပိုက် အထိန်းတံချက်ပေါက်နတ်နှင့် ညှိမိရာမှာ စက်လည်ရာသို့ပါသွားပြီး ညပ်၍သေဆုံးခြင်း ဖြစ်ကြောင်း သိရပါသည်။

အခင်းဖြစ်နေရာသို့ လုပ်ပါကျေးရွာ အုပ်ချုပ်ရေးမှူး၊ မော်မာကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လုပ်ပါရဲစခန်းမှူးနှင့်အဖွဲ့မှစစ်ဆေးပြီး ကျောက်မဲမြို့ဇီဝီတလူမှူ့ ကူညီရေး အသင်း နိဗ္ဗာန်ယာဉ်ဖြင့် ည(၉း၃၀)နာရီအချိန်တွင် ပြည်သူ့ဆေးရုံကျောက်မဲသို့ သယ်ယူပို့ဆောင်ခဲ့သည်။

Zawgyi Padauk
https://www.facebook.com/zawgyi.padauk
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment