တိုက်ကြီးတွင် အဋ္ဌမတန်းကျောင်းသားအချင်းချင်းဓားထိုးမှုဖြစ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images

တိုက်ကြီးမြို့နယ် မင်္ဂလာရပ် ကွက် မင်္ဂလာ(၂)လမ်းထိပ်တွင် ယခုလ ၂၆ရက် ညနေ ၆နာရီခွဲက အဋ္ဌမတန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက် မင်္ဂလာ(၃)လမ်းနေ ဦးမြင့်ဦး၏ သားများဖြစ်ကြသော မောင်ပြည့်စုံအောင်(ခ) မောင်ပိုင်မှူးကိုအသက်(၁၄နှစ်) အဋ္ဌမတန်း နှင့် မောင်ချမ်းသာအောင် အသက် (၁၆နှစ်) နဝမတန်းတို့သည် မင်္ဂလာရပ်ကွက် သပြေလမ်းရှိဆရာမ ဒေါ်အေးအေးမော်ကျူရှင်အိမ်၌ စာသွားသင်ရန် စက်ဘီးစီးနင်းထွက်ခဲ့ရာ မင်္ဂလာ(၂)လမ်းထိပ် လမ်းမပေါ်အရောက်လမ်းလျှောက် လာသူ မိန်းကလေးသူငယ်ချင်း တစ်ဦးတွေ့၍ ရှေ့မှစက်ဘီးစီးနင်း လာသော ပြည့်စုံအောင်(ခ)ပိုင်မှူးကို ကိုစာအုပ်ဖြင့် ရိုက်သဖြင့် ပြည့် စုံအောင်(ခ)ပိုင်မှူးကိုက ''နင်ဘာ သောက်ချိုးချိုးတာလဲ''ဟုပြန်ပြော လိုက်ရာ မိန်းကလေးသူငယ်ချင်း နှင့်အတူ လမ်းလျှောက်လာသော အောင်သူရ(ခ)အောင်လှက ''မင်း ဘာပြောတာလဲ၊ မကျေနပ်ဘူး လား''ဟုပြောပြီး ၄င်း၏အင်္ကျီ အိတ်ထဲတွင် ထည့်ထားသော မောင်းချဓားကိုထုတ်၍ ပြည့်စုံ အောင်(ခ)ပိုင်မှူးကို၏ ဝဲဘက်ဝမ်း ဗိုက်ပိုင်းကိုထိုးသွင်းရာ ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိခဲ့သောကြောင့် တိုက်ကြီးဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ် ရ)အဖြစ် တင်ပို့ဆေးကုသမှုခံယူ လျက်ရှိသည်။တိုက်ကြီးမြို့မစခန်းမှူး ရဲအုပ် ကြည်စိုးသန့်၊ နယ်ထိန်းခေါင်း ဆောင် မင်းမင်းလတ်တို့အဖွဲ့က လိုက်လံ စုံစမ်းဖမ်းဆီးရာ အောင် သူရ (ခ)အောင်လှ အသက်(၁၅ နှစ်) (ဘ)ဦးသန်းကျော်ဦး အဋ္ဌမ တန်းကျောင်းသား မြို့မ(၁၂) အလယ်တန်းကျောင်း သုခမြိုင်ရွာ ရှမ်းစုရပ်ကွက်နေသူအား စစ်ဆေး တွေ့ရှိ၍ဖမ်းဆီးခဲ့သည်။ သက်သေခံ အဖြစ် အရိုးအသွားခြောက်လက်မ ခန့် သံရိုးတပ်ဓားတစ်ချောင်းကို သိမ်းဆည်းပြီး တရားခံအောင်သူရ (ခ)အောင်လှအား (ပ)၅၁/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အရေးယူ ထားကြောင်းသိရပြီး တရားခံမှာ ကျောင်းသားဖြစ်၍ မြို့နယ်ပညာ ရေးမှူး မြို့မ(၁၂)ကျောင်းအုပ်ကြီး တို့နှင့် ဆက်သွယ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


ထွန်းလှိုင်(မြိုင်)
The Union Daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment