သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၌ မီးချေုာင်းအပူလွန်ကဲရာမှမီးလောင်


ရန်ကုန် ဇန်နဝါရီ ၃ဝ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏ(၂၉)ရပ်ကွက် မင်းဒင်(၃)လမ်းတွင် ဇန်နဝါရီ ၃ဝ ရက် နံနက် ၁ နာရီ မိနစ် ၅ဝ က မီးချောင်းအပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းရှိ အိမ်ရှင် ဒေါ်မော်မော်အောင်၏ အာရ်စီ နှစ်ထပ်တိုက် အကျယ်ပေ (၁၅x၃ဝ) အပေါ်ထပ်ရှိ ဘုရားစင် မျက်နှာကြက်တွင် တပ်ဆင်ထား သော တစ်ပေမီးချောင်း အပူလွန်ကဲပြီး မျက်နှာကြက်သို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ ကွပ်ကဲ မှုယာဉ် သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ ရာ နံနက် ၂ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် အဆောက် အအုံအပေါ်ထပ်နှင့် အတွင်းပစ္စည်း များလောင်ကျွမ်းခဲ့ပြီး အိမ်ရှင် ဒေါ်မော်မော်အောင်အား သုဝဏ္ဏ နယ်မြေရဲစခန်းက အရေးယူထား ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ခန့်ကလည်း တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း အပေါ်ထပ်ရှိ တတိယတန်း အခန်း တွင် မီးလောင်မှုဖြစ်ပွား၍ စာရေး စားပွဲခုံအချို့ မီးလောင်ကျွမ်းခဲ့ပြီး ထိုမီးလောင်မှုအကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းအရ သိရ သည်။

သတင်း-ဇော်ကြီး(ပဏီတ) ၊ဓာတ်ပုံ-ခင်မောင်ထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment