ကျောက်ဖြူတွင် ၀င်ရောက်ရှာဖွေသူများကို ဓါးနှင့်ခုခံသူ နေအိမ်မှ မူးယစ်ဆေးဝါးဖမ်းမိ


ကျောက်ဖြူ၊ ဇန်န၀ါရီ ၂၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အိမ်တအိမ်အား ၀င်ရောက်ရှာဖွေရာ အိမ်ရှင် ဖြစ်သူက ဓါးဖြင့် ခုခံခဲ့သော်လည်း ၎င်းအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။


 ယနေ့နံနက် ၅ နာရီခန့်က  ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရဲ့ ညွန်ကြားချက်ဖြင့် ကျောက်ဖြူမြို့၊ ရခိုင် ပိုက်ဆိပ် ရပ်ကွက်၊ ဆားပြင်ကွင်း ဆင်းလမ်းနေ ဦးစံခင်မောင် ၏နေအိမ်သို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဌေး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ၀င်ရောက် ရှာဖွေရာ  WY စာတန်းပါ စိတ်ကြွဆေးပြား ၁၃၄ ပြားနှင့် အတူ ငွေစက္ကူအမျိုးမျိုး  ကျပ် ၇၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း  ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူက ပြောသည်။


 ယခု ဖမ်းဆီးမှုသည် ကျောက်ဖြူမြို့တွင် လူငယ်များ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပျံ့နှံ့နေမှုကို တားဆီးရန်  ဇန်န၀ါရီလ ၂၄ ရက်နေ့က ရဲနှင့်ပြည်သူများ ပူးပေါင်း ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ အပြီး သုံးရက်တာ ကာလ အတွင်း ဖမ်းမိခြင်း ဖြစ်သည်။


  “ သတင်းအရ ဦးစံခင်မောင် နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာမှာ သူကခုနှစ်လက်မလောက်ရှည်တဲ့ ဓားမြောင်နဲ့ ရဲတပ်ဖွဲ့ကို ခုခံပါတယ်။ ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေတော့ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပါဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် နဖူးတွေအနည်းငယ် ပွန်းသွားတာတော့ ရှိပါတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်သူ ကျောက်ဖြူရဲစခန်းမှ တပ်​ကြပ်​ထွန်းလင်း ကပြောသည်။


 ကျောက်ဖြူရဲစခန်း မူးယစ် ပ အမှတ် ၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉က/၂၀က/၂၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။


ကျော်ဝင်း / နိရဉ္စရာသတင်းဌာန

http://www.narinjara.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment