ညောင်တုန်း ဇန်န၀ါရီ ၂၅
ညောင်တုန်းမြို့နယ် မရွှဲကျေးရွာ အနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ်(၁၈/၇) နှင့်(၁၉/၀)ကြား ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ် တိုက်ရော့ပြုတ်၍ မျက်နှာချင်းဆိုင်မှ လာသော ယာဉ်နှင့် အရှိန်လွန် တိုက်မိပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ဆားမလောက်ဘက်သို့ ယာဉ်မောင်း စိုးသက် မောင်းနှင်သော ယာဉ်အမှတ် (7E/---- JAC) မိဘမေတ္တာ ခရီးသည်တင်ယာဉ်သည် လမ်းလယ်၌ မောင်းနှင်နေစဉ် ဆားမလောက် ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၈ည/---- ရွှေဝါဖူး ခရီးသည်ယာဉ်မှာ မောင်းနှင်နေစဉ် တိုက်ရော့ ပြုတ်ပြီး မျက်နှာချင်းဆိုင်ရှိ မိဘမေတ္တာ ခရီးသည်တင်ယာဉ်၏ ခါးလယ်ပိုင်းအား ၀င်ရောက် တိုက်မိပြီး မိဘမေတ္တာ ခရီးသည်တင်ယာဉ်မှာ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက် သွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက်မှ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် ချောင်းကျေးရွာနေ ဦးတင့်လွင်(၄၄ နှစ်) မှာ ဝဲမျက်လုံး ဖူးရောင် ဒဏ်ရာ(စိုးရိမ်ရ )၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်အမှတ် (၁၅/၉၄) မြို့ပတ်လမ်း ၊ (၃) ရပ်ကွက်နေ ဒေါ်တင်ဆန်း (၅၅နှစ်)မှာ ယာမျက်လုံး ဖူးရောင်ဒဏ်ရာနှင့် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ)နှင့် ကျန် ၁၅ ဦးမှာ (မစိုးရိမ်ရ ) ဒဏ်ရာများ အသီးသီးရရှိကြပြီး ယာဉ်မောင်း နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်းနှစ်ဦး အား ညောင်တုန်း မြို့နယ် မဲဇလီနယ်မြေရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
သပြေထွန်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment